ခြေလေးချောင်းတော်လှန်ရေး (၅)

0
1025

ယခင်အပတ်မှ အဆက်

ဂျိုကားနှင့် ခွါဖြူတို့မှာ ဝက်များ ဟောသော တိရစ္ဆာန်ဝါဒကို အထူးယုံ ကြည်ကြသူများ ဖြစ်သည်။ ထိုနွားနှစ် ကောင်မှာ ကိုယ်ပိုင်ဥာဏ်နှင့် စဉ်းစား တတ်ကြသူများ မဟုတ်သဖြင့် ဝက်များ ကို ဆရာတင်ကြပြီးလျှင် ဝက်များပြော သမျှကို တသဝေမတိမ်း လိုက်နာကြ သည်။ သူတို့ကမှတဆင့် တခြားတိရ စ္ဆာန် များကို ဝါဒဖြန့်ကြသည်။ သူတို့ နှစ်ကောင်သည် လျှို့ဝှက်၍ လုပ်သော သင်တန်းများသို့ မပျက်မကွက် တက်ကြ သည်။ သင်တန်းအပြီးတိုင်း အပြီးတိုင်း တွင် ဒို့တိရစ္ဆာန်သီချင်းကို ဆိုကြသော အခါ၌လည်း အမြဲတမ်းအားဖြင့် သူတို့ နှစ်ကောင်က ခေါင်းတည်၍ ဆိုကြသည်။

အခြေလေးချောင်းတော်လှန်ရေးမှာ တွက်ကိန်းအရ နှစ်ပေါင်းများစွာ ကြာမှ အောင်မြင်ဖို့ရှိသော်လည်း တကယ်ဖြစ် ပေါ်လာသောအခါ ထင်သလောက် မကြန့် ကြာဘဲ လွယ်လွယ်ကူနှင့်ပင် ထမြောက် သွားသည်။ ဦးသာခေါင်မှာ ဝိရိယ ကောင်းသူတယောက်ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှသဖြင့် သူကြံလေသမျှ ဟန်မကျအောင်ချည်း ဖြစ်ခဲ့သည်။ လယ်ပေါင်ကိစ္စနှင့် ပတ် သက်၍ တရားဖြစ်သောအခါ၌ လည်း တရားရှုံးသဖြင့် ရှေ့နေစရိတ် ရုံးစရိတ် စည်တို့ကြောင့် အတော်ပင် ပစ္စည်းနွမ်း ပါးသွားသည်။ ပစ္စည်းနွမ်းပါးသဖြင့် စိတ်ညစ်ညစ်နှင့် နီးရာထန်းတောတွင် ဝင်၍ မိုးမလင်းအောင်သောက်လျက် ရှိပြန်ရာ သူ့အခြေအနေမှာ ပို၍ပင် ဆိုးသွားပြန်သည်။ နေထွက်နေဝင် သောက်သည့် အလုပ်နှင့်သာ အချိန်ကုန် နေသဖြင့် အလုပ်အကိုင်များလည်း လစ်ဟင်းသင့်သည်ထက်ပို၍ လစ်ဟင်း ကုန်သည်။ တနေ့လုံး တနေ့လုံး ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်၍ ဝတ္တု မဂ္ဂဇင်းစသည်တို့ကို ဖတ်လိုက် ထန်းရည်ကို တခွက်ပြီး တခွက် သောက်လိုက်လုပ်ကာ အလုပ်ခွင်သို့ လည်းမဆင်း မည်သူနှင့်မျှလည်း စ ကား မပြောဘဲနေသည်။ သူ့အနားမှာ ငအော တကောင်သာ အမြဲရှိသည်။ ငအော ကိုလည်း ထန်းရည်စိမ်ထားသော အမဲခြောက်ကို ခဏခဏ ကျွေးသည်။

အလုပ်ရှင် ကိုယ်တိုင်က ပေါ့လျှော့ သောအခါ သူ့လုပ်သားများလည်း တာဝန်မကြေကြတော့ လယ်ယာများ မှာလည်း မြက်ပင် ပေါင်းပင် ဖုံးမတတ် ရှိပြီးလျှင် စည်းရိုးပျက်များကို ဂရုမစိုက် အား။ အိမ်ခေါင်မိုးကိုလည်း ပြန်၍ မမိုး ဖြစ်။ နောက်ဆုံးတွင် သူ၏ နွားဆိတ် ဝက် စသည်တို့ကိုပင် မှန်မှန်အစာကျွေး ရကောင်းမှန်း မသိတော့။ ဦးသာခေါင် သည် စပါးသိမ်းချိန်နီး၍ လာသော တနေ့တွင် သူ့သူငယ်ချင်းရွာသို့ အလယ် သွားယင်း ထန်းရည်မူးနေသဖြင့် တနေ့ နှင့်တည အိမ်သို့ ပြန်မရောက်။ နောက် တနေ့ မွန်းတိမ်း သူအိမ်ပြန်ရောက်လာ သောအခါ သူ့တပည့်များသည် နွား ဆိတ်ဝက် စသည်တို့ကို အစာကျွေးဖို့ သတိမရဘဲ တောထဲသို့ ယုန်လိုက်ထွက်၍ သွားကြသည်။ ဦးသာခေါင်လည်း အိမ်ပြန်ရောက်လျှင် ရောက်ခြင်း မူးမူးမောမောနှင့် အိမ့်ကိစ္စကို မကြည့်ဘဲ အခန်းထဲတွင် ထိုး၍အိပ်လေသည်။ ညနေ သူနိုးသည့် အချိန်တိုင် တိရစ္ဆာန်များမှာ အစာလည်း မစားရ၊ ရေလည်း မသောက် ကြရ။ တိရစ္ဆာန်တို့လည်း အဆာလွန်၍ ကုန်ကြပြီ။ ပထမဆုံး နွားများကစ၍ ခြံထဲခုန်ထွက်ပြီးလျှင် စားကျက်ဆီသို့ သူတို့ဟာ သူတို့သွား၍ စားကြသည်။

ထို့နောက် ဦးသာခေါင်နိုးလာ၍ တပည့်များကို ခေါ်ကာ စည်းကမ်းဖျက် ကာ ခြံခုန်ထွက်သော နွားတို့ကို ဒလ ကြမ်းလိုက်၍ ရိုက်ကြသည်။ အစာငတ်၍ စိတ်ဆိုးနေကြသော တိရစ္ဆာန်တို့သည် သူတို့အားထိုကဲ့သို့ မညှာမတာ ရိုက် နှက်ခြင်းကို သည်းမခံနိုင်ကြတော့သဖြင့် အချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ထားကြဘိ သည့်အလား ဦးသာခေါင်နှင့် တပည့်များ ကို တညီတညွတ်တည်းဝိုင်း၍ ဝှေ့သူက ဝှေ့ ကန်သူကကန် လိုက်သူကလိုက်ပြီး တော်လှန်ရေး စကြသည်။ ဦးသာခေါင်နှင့် တပည့်များလည်း သူတို့တသက်လုံး မမြှော်လင့်သော အခြင်းအရာနှင့် တွေ့နေရသဖြင့် ဘယ်လိုကြံ၍ ဘယ်လို လုပ်ရမည် မသိကြ။ တိရစ္ဆာန်များက လူသားများကို တော်လှန်သည်ဆိုခြင်းမှာ ဘယ်ရာဇဝင် မှာမျှ မကြားစဘူး။ ဦးသာခေါင်တို့ သွေးပျက်စ ပြုကြပြီ။ တခဏကြာသောအခါ ဦးသာခေါင် နှင့်တပည့်များသည် ခြေကုန်သုတ်၍ ကစဥ့်ကရဲ ပြေးကြရသည်။ ထိုသို့ လူသားတို့ဖက်က တင်လန်ပြေးမှန်း သိသော အခါ တိရစ္ဆာန်တို့သည် အားတက်၍ လာကြပြီးလျှင် ရှေ့ကပြေးသော ဦးသာ ခေါင်တို့ ဆရာတပည့် ငါးယောက်ကို နောက်မှ အောင်သံပေး၍ လိုက်ကြသည်။

ဦးသာခေါင်၏ ဇနီး ဒေါ်အိုစာလည်း ဦးသာခေါင်တို့အား တိရစ္တာန်တွေဝိုင်း လိုက်၍ ထွက်ပြေးရသည်ကို ပြူတင်း ပေါက်မှ လှမ်း၍ မြင်သောအခါ သယ်နိုင် ပိုးနိုင်သော ပစ္စည်းများကို သယ်ပိုး၍ နောက်ဖေး လှေကားမှ ဆင်းကာ ထွက် ပြေးသည်။ ငအောလည်း ဒေါ်အိုစာနောက် သို့ တအအနှင့်အော်၍ လိုက်သွားသည်။

တိရစ္ဆာန်တို့သည် ဦးသာခေါင်နှင့် တပည့်လေးယောက်တို့ ပြေး၍ ခြံပြင် အတော်ဝေးဝေးသို့ ရောက်သွားသောအခါ လှည့်၍ ပြန်လာကြပြီးလျှင် ခြံတံခါးကို ပိတ်၍ ထားလိုက်ကြသည်။
ခြံထဲသို့ ပြန်ရောက်လာသောအခါ မမြှော်လင့်ဘဲနှင့် တော်လှန်ရေး အောင် နေသည်ကို တွေ့ကြရသဖြင့် တိရစ္ဆာန်တို့ မှာ ဘယ်လိုစီမံကြရမှန်း မသိကြ။ တော်လှန်ရေး အောင်မြင်ပုံမှာ ဆန်းလွန်း သဖြင့် သူတို့ဟာ သူတို့တောင် မယုံနိုင် ဘဲရှိကြသည်။ ထို့နောက် အခြေလေး ချောင်းတော်လှန်ရေးမှာ တကယ်အောင် မြင်နေပြီကို သတိရသဖြင့် တစုတဝေး ကြီး ခြံထဲတွင်ရှောက်၍ ပြေးကြသည်။ တနည်းအားဖြင့် ရန်သူ အကြွင်းအကျန် များ ရှိသေးသလားဟု လိုက်၍ ကြည့် ဟန်လည်း ဖြစ်သည်။

ခြံစည်းရိုး အတွင်း၌ အနှံ့အစပ် မြူးတူးခုန်ပေါက်၍ ပြေးပြီးကြသောအခါ ဦးသာခေါင် မတရား မင်းမူခဲ့ခြင်းကို ကျူပင်ခုတ် ကျူငုတ်မျှ မကျန်စေရန် သဘောနှင့် ဦးသာခေါင်၏ အိမ်ဖက်သို့ တအုပ်ကြီး ချီတက်ကြပြီးလျှင် ချုတ်ချယ်ခြင်း လက္ခဏာဖြစ်သော နဖါးကြိုး ဇက်ကြိုး ထမ်းပိုး စသည်တို့ကို အကြွင်းမဲ့ ဖျက် ဆီး၍ ပစ်ကြသည်။ ဝက်ဝှေးသင်းသော ဓါး နွားဝှေးထုသော တင်းပုတ်နားဖါး ဖေါက်သော သစ်ချွန် စသည်တို့ကိုလည်း ယူ၍ ရေတွင်းထဲချပစ်ကြသည်။ ထိုနောက် တိရစ္ဆာန်တို့အပေါ်တွင် ချုတ်ချယ်မှုနှင့် စပ်လျဉ်းသမျှသော ကိရိယာတန်းဆာ ပလာမှန်သမျှကို တခုမကျန် မီးပုံ၍ ရှို့ကြသည်။ ထို့နောက် ဘော်ဖြူကချူနှင့် ခလောက်စသည်တို့ကို ပါရှာ၍ မီးပုံထဲ သို့ ပြီးလျှင် ချူတို့ခ လောက်တို့ဟာလဲ လူသားတို့ရဲ့ အသုံးအဆောင်အဝတ် အစားတမျိုးဘဲလို့ မှတ်ယူရမယ်။

ဒါကြောင့် ဘယ်တိရစ္ဆာန်မဆို “ကိုယ်ချည်းတုံးလုံး နေရမယ်”ဟု ဩဝါဒ ပေးလေသည်။ ဂျိုကားကလည်း သူ့လည်ပင်းတွင် တဒေါင်ဒေါင်မြည်၍နေသော သစ်သား ခလောက်ကြီးကို ဖြုတ်၍ ခွါနှင့် နင်းချေ ပြီးလျှင် မီးပုံထဲသို့ ထဲ့လိုက်သည်။ ဤနည်း ဖြင့် တိရစ္ဆာန်တို့သည် ဦးသာခေါင်အား သတိရစေမည့် အထိမ်းအမှတ်မှန်သမျှကို ပြောင်တလင်းခါအောင် ဖျက်ဆီးပစ် ကြ သည်။ ထို့နောက် ဗန္ဓုလက ဦးဆောင်ပြီး တိရစ္ဆာန်များအား စပါးကျီဖက်သို့ ခေါ်သွားပြီး အစာကို ခါတိုင်းထက် နှစ်ဆ တိုး၍ ဝေပေးသည်။ ခွေးများကို ထမင်း ကြမ်းခဲနှင့် ထန်းလျက် နှစ်လုံးစီပေး သည်။ ထို့နောက် ဒို့တိရစ္ဆာန် သီချင်းကို အဆက်မပြတ် ခုနစ်ကြိမ်တိုင်တိုင် သံကုန် ဟစ်၍ ဆိုကြသည်။ ညအိပ်တန်းဝင်ချိန် ကြသောအခါ ကင်းများခန့်ပြီးလျှင် သူတို့ခြံနားသို့ မဲမဲကပ်လာတာမြင် သည်နှင့် တပြိုင်နက် ဒန်တရိတ်ဆို့ဟေ့ ရပ်လိုက်ဟု ခိုင်း၍ အရပ်ခိုင်းခံရသည်။

မဲမဲက “ဒို့တရိတ်ဆန်”ဟု ပြန်မဖြေခဲ့လျှင် တခါတည်း ပြေး၍ သတ်ရမည်ဟု ညွှန်ကြားပြီးလျှင် ကင်းလှည့်မကျသော တိရစ္ဆာန် အားလုံးတို့ ကိုယ်စီကိုယ်ငှ အိပ်တန်း ဝင်လိုက်ကြသည်။ တိရစ္ဆာန်တို့ အဖို့တွင် ထိုညက အိပ်ရခြင်းမျိုးလောက် နှစ်ခြိုက်သော အိပ်ရခြင်းမရှိ၊ နောက် တနေ့ အရုဏ်တက်အချိန်သို့ ရောက် သောအခါ ကင်းများကို ရုပ်သိမ်း၍ တိရစ္ဆာန် တို့သည် အိပ်ရာမှထကြပြီးလျှင် ညက အောင်ခဲ့သော တော်လှန်ရေးကို သတိရ ကြသဖြင့် အပျော်ကြီးပျော်ကြကာ စုရုံး ၍ထွက်လာကြပြီးလျှင် ကုန်းမြင့်ကလေး ပေါ်သို့ တက်ကြသည်။ ကုန်းမြင့် ကလေး ပေါ်ကနေကြည့်လျှင် တခြံလုံးကို ကောင်းစွာ မြင်နိုင်သဖြင့် မိမိတို့ ပိုင်နက်ကို ကြည့် ရခြင်းအားဖြင့် တိရစ္ဆာန်တို့မှာ အတိုင်း မသိဝမ်းသာခြင်း ဖြစ်ကြသည်။

ဦးသာခေါင် ပိုင်သော ယင်းမာပင် ကွင်းကို သူတို့ပိုင်ပြီ။ ဦးသာခေါင်နှင့်ပက် သက်၍ ဘာတခုမျှ အစအန မတွေ့ရ တော့။ လောကတွင် အောင်ခြင်းထက် အောင်သောအရာ မရှိ။ တိရစ္ဆာန်တွေ သည် ဦးသာခေါင်၏ နဖါးထိုးခံ ဇက်ခွံခံ အနှိပ်စက်ခံမဟုတ်တော့သဖြင့် တဖန် ဝမ်းသာအားရနှင့် ကုန်းတဝိုက်၌ ခုန်ပေါက် မြူးတူးကြပြန်သည်။ နွားများကလည်း ချိုသွေး၍ ဝပ်ထလိန်း ဝပ်ထလိန်းနှင့် ထွန်ကြသည်။ အသီးသီး သူတိုက သဘာဝ အလျောက် မြည်ကြသည်မှာ မိုးချုန်းသံ့ တမျှ ဖြစ်သည်။ ထို့နောက် တကွင်းလုံကို က္ကုနြေ္ဒရစွာနှင့် ကြည့်ရှုစစ်ဆေးကြသည်။ ယခင်ကကွင်းကိုပိုင်ကြဖို့ အိပ်မက် တောင် မမက်ဖူးကြသော်လည်း ယခုဦး သာခေါင်၏ကွင်းမှာ သူတို့ပိုင်ဖြစ်၍ နေ ပြီ။ ဟုတ်မှ ဟုတ်နိုင်ပါစ။ ဟုတ်သည်။ သူတို့ပိုင်ပြီ။ ဦးသာခေါင်လစ်ရပြီ။

လာမည့်အပတ် ဆက်လက် ဖော်ပြပါမည်။