မွန်အမျိုးသား ကျောင်းဆရာ/ဆရာမများ ညီလာခံကျင်းပ

0
430

မွန်ပြည်သစ်ပါတီ အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အ မျိုးသားကျောင်းများမှ ကျောင်းဆရာ/ ဆရာမများ ညီလာခံတစ်ရပ်ကို ရေး ချောင်းဖျားဒေသ၊ ညီစားရွာရှိ ဗဟိုမွန် အထက်တန်းပညာရေးဌာနတွင် ကျင်းပ လျက်ရှိသည်။

အဆိုပါ ဆရာ/ဆရာမများ ညီလာခံ ကို မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee – MNEC)၏ ဦးဆောင်မှု ဖြင့် နိုဝင်ဘာ ၁၉နှင့် ၂၀ ရက်တို့တွင် ၂ ရက်တိုင် ကျင်းပခဲ့သည်။
ညီလာခံကို ဆရာ၊ဆရာမများ၏ စွမ်းရည်ကို မြှင့်တင်နိုင်ရန်၊ သင်ကြား ရေးနည်းစနစ် အမြင်သစ်များ ရရှိရန်နှင့် အနာဂတ် မွန်ပညာရေး ရေရှည်ရပ် တည်နိုင်ရန် ရည်ရွယ်ကျင်းပသည်ဟု မွန်အမျိုးသား ပညာရေးဌာန တာဝန်ခံ မိစားတာက ပြောသည်။

မွန်အမျိုးသား ကျောင်းဆရာ/ ဆရာမများ ညီလာခံသို့ သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ ဆရာမများ၊ ဖိတ်ကြား ထားသူများ စုစုပေါင်း လူဦးရေ ၃၀၀ နီးပါး တက်ရောက်သည်ဟု မွန်အမျိုးသား ပညာရေးကော်မတီမှ သိရသည်။