မောင်းမကန်ကမ်းခြေတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

0
515

မောင်းမကန်ကမ်းခြေတွင် အမျိုး သားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မောင်းမကန်နယ်မြေရဲစခန်းထံမှ သိရ သည်။

နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းက ရေဆင်းကူးရာမှ ရေနစ်သည်ကို တွေ့ရ သဖြင့် မောင်မကန်ရွာသားများက ဆယ် ယူပြီး မောင်းမကန်ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း ဆေးရုံရောက်ပြီး ၅ မိနစ် ခန့်အကြာတွင် သေဆုံးခဲ့ကြောင်း ယင်း ရဲစခန်းမှ စခန်းမှူး ရဲအုပ် သက်ဦးက ပြောသည်။

“ဆေးရုံရောက်မှ သေတာ၊ ၅ မိနစ် ခံတယ်။ ကမ်းခြေမှာ ဆရာဝန်တစ်ဦးတွေ့ လို့ ပြုစုပေးသေးတယ်၊ ဆေးရုံရောက် တော့ နည်းနည်း အသက်ရှူသေးတယ်”ဟု ရဲအုပ် သက်ဦးက ပြောသည်။
အဆိုပါ အမျိုးသားသည် အသက် ၃၅ နှစ်ရှိပြီး ဇဟာကျေးရွာတွင် နေ ထိုင်သူဖြစ်ကြောင်း မောင်းမကန်နယ် မြေရဲစခန်းထံမှ သိရသည်။