တိုင်းလွှတ်တော် အရေးပေါ်ခေါ်

0
408

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် က အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နိုင်ဘာလ ၂၉ ရက်နေ့တွင် ခေါ်ယူ ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် တာဝန်ရှိသူများထံမှ သိရသည်။
အစည်းအဝေးတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ ပထမ ၆ လပတ်အတွက် ဘတ် ဂျက် ဆွေးနွေး အတည်ပြုခြင်းနှင့် အစား ထိုးခန့်ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ကျမ်း ကျိန်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြောသည်။

အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ ၂ ရက် ကျင်းပရန် လွှတ်တော်ရုံးမှ လျာထားသော်လည်း နိုဝင်ဘာလ ၂၉ ရက် တစ်ရက်တည်းတွင်ပင် အစည်းအဝေး ပြီးပြတ်သွားနိုင်ကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

“တစ်ရက်တည်းနဲ့ ပြီးသွားလိမ့် မယ်။ မေးခွန်းတွေ အဆိုတွေလည်း မပါတော့လေ။ ပုံမှန်(လွှတ်တော်ပုံမှန် အစည်းအဝေး)ကလည်း နီးကပ်နေပြီ ဆိုတော့”ဟု ဦးကြည်စိုးက ပြောသည်။
ယခု ကျင်းပမည့် အရေးပေါ်အ စည်းအဝေးသည် အောက်တိုဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် သစ်တွင် ပထမဆုံး ကျင်းပသည့် လွှတ်တော် အစည်းအဝေး ဖြစ်သည်။