မွန်တွင် အခွန်တံဆိပ်မကပ်သည့် စားသောက်ဆိုင်နှင့်ဟိုတယ် အရေးယူ

0
404

မွန်ပြည်နယ်တွင် အခွန်အမှတ်တံ ဆိပ်ကပ် ရောင်းခြင်းမရှိသည့် စား သောက်ဆိုင် ၅ ဆိုင်နှင့် ဟိုတယ် ၁ လုံးကို ပထမအကြိမ် ဒဏ်ငွေရိုက် အရေး ယူထားသည်ဟု မွန်ပြည်နယ်အခွန် ဦးစီးဌာနရုံးမှ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာ ၂၄ ရက်နေ့အထိ မော်လမြိုင် မြို့နယ်နှင့် သထုံမြို့နယ်အတွင်းရှိ စား သောက်ဆိုင် ၅ ဆိုင်နှင့် ကျိုက်ထိုမြို့ရှိ ဟိုတယ် ၁ လုံးတို့ကို အခွန်အမှတ်တံဆိပ် ကပ်ရောင်းချခြင်း မရှိသည့်အတွက် ဒဏ်ငွေ ၂ သိန်းစီ ပေးဆောင်စေကာ ပထမ အကြိမ် အရေးယူထားခြင်း ဖြစ်သည်။

“တိုင်ကြားတာရှိသလို သက်ဆိုင် ရာမြို့နယ် အခွန်ရုံးကနေစိစစ်ပြီးတော့ ဖော်ထုတ်တာလဲ ပါတယ်၊ တိုင်ကြားမှု အပိုင်းမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် မှုက တော်တော်လေး အားနည်းနေသေး တယ်”ဟု မွန်ပြည်နယ် အခွန်ဦးစီးဌာန ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးကိုက ပြောသည်။
အခွန်အမှတ်တံဆိပ် ကပ်ရောင်း ရမည့် စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်တို့မှ အခွန် အမှတ် တံဆိပ်ကပ် ရောင်းချခြင်းမရှိပါက ပြည်သူ လူထုအနေဖြင့် တိုင်ကြားရန် လိုအပ်ပြီး ယင်းသို့ တိုင်ကြားမှသာ ပြည်နယ် အတွက် ရသင့်ရထိုက်သည့် အခွန်များ ရရှိမည်ဟု ၎င်းက ဆက်ပြောသည်။

ပြည်သူလူထုအနေဖြင့် မိမိတို့ရရှိ သည့် ပြေစာတွင် အခွန်အမှတ်တံဆိပ် မပါပါက နီးစပ်ရာ အခွန်ရုံးတို့တွင် တိုင်ကြားနိုင်ပြီး ဌာနအနေဖြင့် တိုင် ကြားသူကို ထုတ်ဖော်ပြောကြားမည် မဟုတ်သည့်အပြင် ဒဏ်ငွေ၏ ၁၀ရာခိုင် နှုန်းကိုလည်း ဆုငွေအဖြစ် ချီးမြှင့်ပေး မည်ဖြစ်သည်။
“အခုက ဆိုင်တော်တော်များများက တော့ အခွန်တံဆိပ်ကပ်ရောင်းလာတာ တွေ့ရတယ်။ ဒါပေမယ့်လည်း ပြောမှ ကပ်ပေးတာမျိုး၊ ပြောတာတောင် လုံးဝ ကပ်မပေးတဲ့ဆိုင်မျိုးတွေလည်း ရှိသေး တယ်”ဟု မော်လမြိုင်မြို့နေ ကိုဇော်မင်း က ပြောသည်။

အခွန်အမှတ်တံဆိပ် ကပ်ရောင်း ရမည့် စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်များ အခွန်အမှတ် တံဆိပ်ကပ် ရောင်းခြင်းမရှိဟု တိုင်ကြား ခံရသည်ဖြစ်စေ စိစစ်ဖော်ထုတ် တွေ့ ရှိသည်ဖြစ်စေ အခွန်ဌာနမှ ပထမအကြိမ် ဒဏ်ငွေကျပ် ၂ သိန်း၊ ဒုတိယအကြိမ် ဒဏ်ငွေ ကျပ် ၅ သိန်း၊ တတိယအကြိမ် ဒဏ်ငွေ ကျပ် ၇ သိန်း နှင့် စတုတ္ထအကြိမ် ဒဏ်ငွေ ကျပ် ၁၀ သိန်းဖြင့် ဒဏ်ငွေရိုက် အရေးယူနိုင်သည်ဟု ပြည်နယ်အခွန် ဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကလည်း အခွန်အမှတ်တံဆိပ် ကပ်ရောင်းခြင်း မရှိသည့် စားသောက် ဆိုင် ၆ ဆိုင်ကို ဒဏ်ငွေရိုက် အရေး ယူခဲ့သည်ဟု ပြည်နယ်အခွန်ဦးစီးဌာနမှ သိရသည်။