တိုင်းရွေးကော်အဖွဲ့ဝင်စာရင်း အတည်ပြုပြီး သုံးရက်အကြာတွင် ပြန်ပယ်ဖျက်

0
441

တနင်္သာရီတိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင် စာရင်းကို အတည်ပြုပြီး သုံးရက် အကြာတွင် ပြန်လည်ပယ်ဖျက်ခဲ့သည်။
အဖွဲ့ဝင်အမည်စာရင်းအား ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၇ ရက်နေ့က အတည်ပြု ကြေညာခဲ့သော်လည်း နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပြန်လည် ဖျက်သိမ်းခဲ့ ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ယင်းကြေညာချက်အား ဖျက်သိမ်း ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တယ်လီဖုန်းဖြင့် အကြောင်း ကြားခဲ့သည်ဟု တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယ ဦးစီးမှူး ဦးထွန်းကြည်က ပြောသည်။
“ပယ်ဖျက်ပစ်လိုက်ပါပြီ၊ နေပြည် တော်က အရေးပေါ် ဖျက်လိုက်တာလေ၊ ရုတ်တရက် ဖျက်လိုက်တာ။ (ဘာ ကြောင့် ဖျက်လိုက်တယ်ဆိုတာတော့)ဘာမှ မပြောသေးဘူး”ဟု ဒုတိယ ဦးစီးမှူး ဦးထွန်းကြည်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ၂၀၁၆ ခုနှစ် မတ်လတွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် တိုင်း၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကိုလည်း အသစ် ပြန်လည်ဖွဲ့စည်းရန်အတွက် လျှောက်ထား နိုင်ကြောင်း ကြေညာခဲ့ရာ တိုင်းအဖွဲ့ ဝင်အဖြစ် ၈ ဦးခန့် လျှောက်ထားလာ ခဲ့ကြောင်း ၎င်းက ပြောသည်။
“လျှောက်ထားတာတွေကို တင်ပေး လိုက်တယ်၊ နေပြည်တော်က တိုက်ရိုက် ရွေးတာပါ”ဟု ဦးထွန်းကြည်က ပြောသည်။

တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအား အများယုံကြည် လေးစားခံရသောပုဂ္ဂိုလ် ၆ ဦးနှင့် ဌာန ဆိုင်ရာပုဂ္ဂိုလ် ၉ ဦးတို့ ပေါင်းစပ်ဖွဲ့ စည်းထားခြင်းဖြစ်ပြီး ယခင်တိုင်း ကော် မရှင်အဖွဲ့ခွဲအား ၂၀၁၁ ခုနှစ် ဇူလိုင်လ တွင် အတည်ပြုဖွဲ့စည်းထားသည်။
ယခု ပယ်ဖျက်လိုက်သည့် တိုင်း ကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရွေး ချယ်ခံရသူမှာ ဦးသန်းစိန်ဖြစ်ပြီး ၎င်း သည် ယခင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူလည်း ဖြစ်သည်။
“ဘာမှ တိတိကျကျမသိသေးတော့ ဘာမှတ်ချက်မှမပေးလိုပါဘူး”ဟု ဦးသန်းစိန်က ပြောသည်။

တိုင်းကော်မရှင်အဖွဲ့ခွဲ အသစ်ပေါ် ပေါက်လာခြင်း မရှိသေးမီ ယခင် ဖွဲ့ စည်းထားသော ကော်မရှင်အဖွဲ့အား ဆက်လက် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားသည်ဟု ဦးသန်းစိန်က ပြောသည်။
ပြည်ထောင်စုကော်မရှင်၏ ဝက်ဘ် ဆိုက်တွင်လည်း နိုဝင်ဘာလ ၂၄ ရက် ည ၁၁ နာရီ အထိ ဦးသန်းစိန်အား ဥက္ကဋ္ဌအဖြစ် ဖော်ပြထားသည်။