မြိတ်တွင် ၄ ရက်အတွင်း တရားမဝင် သစ်ခွဲသား တန်ချိန် ၆၀ နီးပါး ဖမ်းမိ

0
387

မြိတ်မြို့တွင် ၄ ရက်အတွင်း ( နို ဝင်ဘာလ ၁၆ မှ ၁၉ ရက်)အတွင်း တရားမဝင် သစ်ခွဲသားတန်ချိန် ၆၀ ခန့် ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ်သစ် တောဦးစီးဌာန ဦးစီးမှူးဦးသိန်းထွန်းထံမှ သိရသည်။

နိုဝင်ဘာ ၁၆ ရက်နေ့က မြိတ်မြို့ နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေး ရွာအတွင်းရှိသော ဧရာနဒီ လှေလွန်း ကျင်းအား ဝင်ရောက်စစ်ဆေးရာ တရား မဝင် ကဒွပ်နှင့်ကံ့ကော်သစ်အမျိုးအစား ခွဲသား ၂၄၈ ချောင်း တန်ချိန် ၃၅ တန် ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ် တောဦးစီးဌာနမှ သိရသည်။

အဆိုပါ လွန်းကျင်း(လှေထောင့်)တွင်ပင် နိုဝင်ဘာလ ၁၉ ရက်နေ့က တ ရားမဝင် ကဒွပ်ခွဲသား ၁၅၇ ချောင်း တန်ချိန် ၂၀ ကျော် ဖမ်းဆီးရမိသဖြင့် စုစုပေါင်း ၅၆ တန်ကျော် ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း သစ်တောဌာနမှ သိရသည်။သစ်များနဲ့အတူ ဖမ်းဆီးရမိသူတို့ အား သစ်တောဥပဒေပုဒ်မ ၃၃(က)၂ ဖြင့် အရေး ယူဆောင်ရွက်ထားကြောင်း မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။