ကျိုက်ထီးရိုး တောင်တက်ယာဉ်များ ဒီဇင်ဘာ ၆ ရက်နေ့တွင် အခမဲ့ ပြေးဆွဲပေးမည်

0
524

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲနေသည့် တောင်တက် မော်တော် ယာဉ်များသည် ဒီဇင်ဘာလ ၆ ရက် နေ့တွင် အခမဲ့ ပြေးဆွဲပေးသွားမည်ဟု ကျိုက်ထီးရိုး တောင်တက်ကားအသင်းမှ သိရသည်။

တောင်တက် မော်တော်ယာဉ် အသင်း နှစ်ပတ်လည်နေ့ဖြစ်သည့် အဆိုပါ နေ့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ အခမဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း တောင်တက် မော်တော်ယာဉ်များအသင်း အတွင်းရေးမှူး ဦးမျိုးနိုင်က ပြောသည်။

ကျိုက်ထီးရိုးတောင်တက် ကားခ နှုန်းထားကို ကျိုက်ထီးရိုးတောင် ခြေ ကင်မွန်းစခန်းမှ ရသေ့တောင်အထိ ရှေ့ခန်းကို ကျပ် ၂၅၀၀၊ နောက်ခန်း ကျပ် ၁၅၀၀ ကိုလည်းကောင်း တောင်ခြေ မှ ဘုရားရင်ပြင်တော်အထိ ကိုရှေ့ခန်း ကျပ် ၃၀၀၀၊ နောက်ခန်း ကျပ် ၂၀၀၀ သတ်မှတ်ထားသည်။
လက်ရှိတွင် ကျိုက်ထီးရိုးသို့ ပြေးဆွဲ နေသည့် တောင်တက်မော်တော် ယာဉ် ၁၅၀ စီးရှိသည်ဟု တောင်တက် မော်တော်ယာဉ် များအသင်း၏ စာရင်း အရ သိရသည်။