ထားဝယ်အမျိုးသားတပ်မတော် ယူနီဖောင်းဝတ်မိ၍ ခံဝန်ထိုးရ

0
473

ထားဝယ်အမျိုးသားညီလာခံသို့ ယူနီဖောင်းဝတ်ကာ အခမ်းအနားတက် ရောက်ခဲ့သည့် ထားဝယ်အမျိုးသား တပ်မတော်ဆိုသည့်အဖွဲ့ကို ယင်းကဲ့သို့ နောက်ထပ်မလုပ်ရန် ခံဝန်ထိုးခိုင်းခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ရက်က ကျင်းပပြုလုပ်သည့် ထားဝယ်အမျိုးသား ညီလာခံသို့ တူညီဝတ်စုံများဝတ်ကာ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ဝန်ထမ်း အဖွဲ့အစည်းတစ်ခုကဲ့သို့ ဝတ်ဆင်ထားသည့်အတွက် ခေါ်ယူ တားမြစ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

ထားဝယ်အမျိုးသား တပ်မတော် ငြိမ်းချမ်းရေးအဖွဲ့ဟူသည့်အဖွဲ့မှာ လွန် ခဲ့သည့် ၁၉၉၃ ခုနှစ်က လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည့် အဖွဲ့တစ် ခုဖြစ်ပြီး ရဲတပ်ဖွဲ့က မတားမြစ်ခင်အ ချိန်ထိ ထားဝယ်မြို့ ဇလွန်းကျေးရွာ တွင် အခြေစိုက်သည်။
“ဘယ်သူမှ ခွင့်ပြုထားတာ မရှိ ဘူး၊ ထားဝယ် တပ်မတော်ဆိုတာ လည်း မရှိဘူး၊ အဲဒါက လက်နက်ချ ခဲ့ပြီးပြီ၊ လက်နက်ချပြီးတဲ့ အဖွဲ့အစည်း တစ်ခုက ယူနီဖောင်းဝတ်ခွင့် မရှိတော့ ဘူး”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။

နောက်ထပ် ထပ်မံလုပ်ဆောင်မည် ဆိုပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းနေ့တွင်ပင် ယူနီဖောင်း ၂၈စုံ၊ အလံ၊ စည်းတံဆိပ်များကို ပြန်အပ်ခဲ့ပြီး ဇလွန်းကျေးရွာတွင် အုတ်ခုံဖြင့် ပြုလုပ် ထားသည့် ဆိုင်းဘုတ်ကိုလည်း ဖြိုဖျက် လိုက်ပြီဖြစ်ကြောင်း ထားဝယ်အမျိုး သားတပ်မတော် ငြိမ်းချမ်းရေးအဖွဲ့ ဆိုသည့်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဦးစိုးအောင်က ဆိုသည်။

အဖွဲ့အစည်း အမည်သုံးပြီး မလုပ် ဆောင်ရန် ပြောဆိုထားသည့်အတွက် မည်သည့် ကိစ္စကိုမျှ လုပ်ဆောင်တော့ မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
“လက်နက်နဲ့ ငြိမ်းချမ်းရေးလဲ လှယ်ခြင်းသာ ဖြစ်တယ်၊ ယူနီဖောင်းနဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တာ မဟုတ်လို့ ဝတ်ဖြစ်တာပါ”ဟု ဦးစိုးအောင်က ဆို သည်။
ယင်းနေ့က ဖြစ်စဉ်အတွက် အမှု ဖွင့် အရေးယူခဲ့ခြင်း မရှိဘဲ ခံဝန်လက် မှတ်ကို နှစ်ကြိမ် ထိုးခိုင်းကာ ပြန်လွှတ် လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရ သည်။
ထားဝယ်အမျိုးသားတပ်မတော် ဆိုသည့် အဖွဲ့သည် ယခုနှစ် အာဇာနည် နေ့အပါအဝင် အခမ်းအနားအချို့သို့ တူ ညီယူနီဖောင်းများဖြင့် တက်ရောက်ခဲ့ဖူး သည်။