ငွေတောင်းသည့် ယာဉ်ထိန်းရဲကို ရာထူးတစ်ဆင့်လျှော့ အရေးယူ

0
426

ထားဝယ်တွင် ဩဂုတ်လအတွင်းက ဆိုင်ကယ်ဖမ်းဆီးရာတွင် ငွေကြေး တောင်းခံသည့် ယာဉ်ထိန်းရဲကို ရာထူး တစ်ဆင့်လျှော့ ပြစ်ဒဏ်ချမှတ်လိုက် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ထားဝယ်မြို့ လမ်းဆုံကြီး မီးပွိုင့် တွင် စည်းကမ်းပျက် ဆိုင်ကယ်အား ဖမ်းဆီးစဉ် ငွေကြေးတောင်းခံခဲ့သည့် ယာဉ်ထိန်း ဒုတပ်ကြပ်ကို နိုဝင်ဘာလ ၇ ရက်နေ့က ရာထူးတစ်ဆင့်လျှော့ ပြစ်ဒဏ် ၁ နှစ်(ရဲတပ်သားအဖြစ်)ကို ရဲတပ် ဖွဲ့ဌာနချုပ်က ချမှတ်လိုက်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
စည်းကမ်းပျက်ယာဉ်ကို ဖမ်းဆီးပြီး ဥပဒေအရ တရားမစွဲတင်ဘဲ ထားဝယ် မြို့ရှိ လမ်းဆုံကြီးမီးပွိုင့်တွင် ငွေကျပ် ၂ သောင်း တောင်းခံကြောင်း လူမှုကွန် ရက် ပေါ်တင်ခဲ့ပြီးနောက် တိုင်းရဲတပ် ဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အတူတာဝန်ထမ်း ဆောင်ခဲ့သည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး တစ်ဦးကိုလည်း လာဘ်ငွေတောင်းခံရာ တွင် တားမြစ်ခြင်း မရှိသည့်အပြင် ငွေ ၂ သောင်းကျပ်ကို လက်ခံယူကာ အထက်ပါ ဒုတပ်ကြပ်ကို ပေးခဲ့သည့်အ တွက် ရဲစည်းကမ်းဥပဒေအရ စစ်ဆေးပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရဲတပ်ကြပ်ကြီးကိုတော့ စစ်ပြီးပြီ၊ အမိန့်တော့ ကျမလာသေးဘူး”ဟု တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါတာဝန်ရှိသူက ဆိုသည်။

ယင်းကဲ့သို့ အရေးယူမှုလုပ်ဆောင် လိုက်သည့်အတွက် နောက်ထပ် လာဘ် ငွေတောင်းခံမှုများကို အဟန့်အတားတစ် ခု ဖြစ်သွားနိုင်သည့်အတွက် ကြိုဆိုရ မည်ဖြစ်ကြောင်း ထားဝယ်မြို့ဈေးကြီး တောင်ဘက်တွင် ဂိတ်ထိုးပြေးဆွဲနေ သည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ပြောသည်။
“နောက်လူတွေလည်း ဆင်ခြင်လို့ရ သွားတော့တာပေါ့၊ ဖမ်းပြီး တရားရုံး တင်တယ်ဆို လက်ခံနိုင်သေးတယ်”ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ဆို သည်။

ထားဝယ်မြို့ပေါ်တွင် ယာဉ်ထိန်း ရဲများက စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီး ပြီး တရားမဝင် ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြကြောင်း ပြည်သူများ အကြားတွင် ဝေဖန်မှုရှိနေသည်မှာ ကြာ မြင့်နေပြီ ဖြစ်သည်။