ကော့သောင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ယခင်နှစ်ထက် အလှူငွေ ကျပ်သိန်း သုံးဆယ်ကျော်ပိုရ

0
467

ကော့သောင်းနှစ်ကျိပ်ရှစ်ဆူဘုရား ပွဲတော်တွင် ယခင်နှစ်ထက် အလှူငွေ ကျပ် သိန်းသုံးဆယ်ကျော် ပိုမိုရရှိခဲ့ ကြောင်း ပြည်တော်အေးဂေါပက အဖွဲ့ ထံမှ သိရသည်။
တန်ဆောင်တိုင်ကာလတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် နှစ်ကျိပ် ရှစ်ဆူ ဘုရားပွဲတွင် ၂၀၁၆ ခုနှစ်က အလှူငွေ သိန်းငါးဆယ်ကျော်ရရှိခဲ့ပြီး ယခုနှစ်တွင် အလှူငွေ သိန်းရှစ်ဆယ် ကျော်ရရှိခဲ့ခြင်း ဖြစ်သည်။

“ဒီအလှူငွေတွေ အားလုံးကို ဘဏ္ဍာငွေရှာဖွေ ထိန်းသိမ်းရေး ဆပ် ကော်မတီအဖွဲ့နဲ့ ရေတွက်မှတ်တမ်း တင်ပြီး မြန်မာ့စီးပွားရေးဘဏ်မှာ နှစ် ကျိပ်ရှစ်ဆူဘုရား ရန်ပုံငွေ ဘဏ်စာအုပ် ဖွင့်ပြီး သိမ်းထားတယ်၊ သုံးစွဲဖို့ လိုအပ် တဲ့အခါ ဩဝါဒ ဆရာတော်ကြီးတွေထံ တင်ပြပြီး ထုတ်ယူသုံးစွဲဖို့ သတ်မှတ် ထားတယ်”ဟု ပြည်တော်အေးစေတီ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်မိုးက ပြောသည်။

ယင်းအလှူငွေများသည် တန် ဆောင်တိုင်ဘုရားပွဲတော် လှည့်လည် အပူဇော်ခံခြင်းနှင့် ဘုရားပွဲတော် ၉ ရက် ၉ ညအတွင်း မြို့သူ မြို့သားများမှ သာသနာ့ဗိမာန်တော်ကြီးအတွင်း ဘုရားဖူးရင်း လှူဒါန်းခဲ့ကြသည့်ငွေ ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ကော့သောင်းတွင် ယခုနှစ် နှစ် ကျိပ်ရှစ်ဆူ ဘုရားပွဲကို ၄၇ ကြိမ်မြောက် ကျင်းပခဲ့ခြင်း ဖြစ်သည်။