ကော့သောင်းခရိုင် ဆေးဆိုင်များ အသင်းဖွဲ့စည်း

0
418

ကော့သောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ စုပေါင်းကာ ခရိုင်ဆေး ဆိုင်များအသင်း ဖွဲ့စည်းခဲ့ကြောင်း ဦးဆောင်ဖွဲ့စည်းသည့် ဆေးဆိုင်ပိုင်ရှင် များထံမှ သိရသည်။
အောက်တိုဘာလ ၂၂ရက်တွင် ကော့သောင်းမြို့ရှိ ဆေးဆိုင် ၃၀ ကျော် စုပေါင်းကာ ခရိုင်ဆေးဆိုင်များအသင်း ကို ဖွဲ့စည်းခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံး တွင် နိုဝင်ဘာလ ၅ ရက်က တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင် လျှောက်ထား ကြောင်း ဆေးဆိုင်ပိုင်ရှင်များထံမှ သိရ သည်။

“အဓိက ဆေးဆိုင်အချင်းချင်း အချိတ်အဆက်မိအောင် လုပ်ထားတာ ပါ”ဟု အကြင်ဆေးဆိုင်ပိုင်ရှင်က ဆိုသည်။
လက်ရှိတွင် ကော့သောင်းမြို့ နယ်အတွင်းရှိ ဆေးဆိုင်များက ကမ ကထပြုကာ အသင်းကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး တရားဝင် မှတ်ပုံတင်ကျ ပြီးသည့်အခါ ခရိုင်အတွင်းရှိ ဆေးဆိုင် များကိုလည်း စည်းရုံးသွားမည်ဟု အထက်ပါ ဆေးဆိုင်ပိုင်ရှင်က ပြောသည်။

၁၀ ကြိမ်မြောက် အင်တာပိုလ် ဆေးဝါးအတု တိုက်ဖျက်ရေး အစီအစဉ် အရ စက်တင်ဘာ ၁၂ ရက်မှ ၁၉ ရက် နေ့အတွင်း ဆေးဆိုင်များအား ရှာဖွေစဉ် လိုင်စင်မဲ့ဆေးဝါးများ တွေ့ရှိခဲ့ကာ ဆေးဆိုင် ၄ ဆိုင် အရေးယူခံရပြီး နောက် ယခုကဲ့သို့ ကော့သောင်းခရိုင် ဆေးဆိုင် များအသင်း ဖွဲ့စည်းရန် ကြိုးပမ်းလာ ကြခြင်း ဖြစ်သည်။