DDPC ဈေးဝယ်စင်တာတွင် သက်တမ်းလွန်နှင့် စားသုံးရန်မသင့် သည့် မုန့်အချို့တွေ့

0
428

ထားဝယ်မြို့ရှိ DDPC ဈေးဝယ် စင်တာတွင် သက်တမ်းလွန်နေသည့် မုန့်နှင့် စားသုံးရန်မသင့် ကြေညာထား သည့် မုန့်အချို့ကို နိုဝင်ဘာလ ၁၄ ရက်က စစ်ဆေးတွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအ သောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲ ရေး ကော်မတီထံမှ သိရသည်။

သက်တမ်းကုန်နေသည့် ချိုချဉ် သကြားလုံးများနှင့် စားသုံးရန်မသင့် ကြောင်း ကြေညာထားသည့် ချယ်ရီသီး များကို တွေ့ရှိသည့်အတွက် သိမ်းဆည်း လိုက်ပြီး ခံဝန်လက်မှတ်ထိုးစေခဲ့ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

“ရှောင်တခင် ဝင်စစ်ဆေးတာ ဖြစ် တယ်။ နောက်မရောင်းဖို့အတွက် ခံဝန် ထိုးခိုင်းခဲ့တယ်”ဟု ၎င်းက ပြောသည်။
ယင်းအပြင် အဆိုပါ ဈေးဝယ်စင် တာတွင် ရောင်းချနေသည့် ကော်ဖီဆိုင် တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ ကောင်းမွန်စွာ ထုတ်လုပ်မှု ကျင့်စဉ်နှင့် မညီသည့် အချက်များကို တွေ့ရှိရပြီး အချက် ၁၈ ချက်ကို ၁၅ ရက်အတွင်း ပြင်ဆင်ခိုင်းထားကြောင်း ၎င်းက ဆိုသည်။

ယင်းဈေးဝယ်စင်တာတွင် ရောင်း ချနေသည့် အချိုရည်၊ ငါးပိ၊ ခေါက်ဆွဲ ခြောက်၊ အသင့်ချက် မာလာဟင်း အစရှိ သည့် ပစ္စည်း အမျိုးအမည် ၁၈ မျိုးကို ဝယ်ယူပြီး ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ ပို့ ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းပစ္စည်းများ အပါအဝင် ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ အလှကုန်၊ ဆေးဝါး၊ အစားအသောက် ပစ္စည်း အမျိုးအမည် ၉၀ ခုကို ဓာတ် ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း အထက် ပါ ကော်မတီထံမှ သိရသည်။