ဖယောင်းတိုင်မီးမှတစ်ဆင့် အခန်းတွဲမီးလောင်

0
389

ဖယောင်းတိုင်မီးထွန်းထားရာမှ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ် ကွက်၊ စည်ပင်ပိုင် ဘုရင့်နောင်ကဇာတ် ရုံဝင်းအတွင်းရှိ အခန်းတွဲတစ်ခုတွင် မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့ ည ၈ နာရီ ၄၅ မိနစ် ခန့်က လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး အစွန်ဆုံးအခန်းတွင် ထွန်းထားသည့် ဖယောင်းတိုင်မီး မှတစ်ဆင့် နံရံကို မီးစွဲကာ လောင် ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းမီးသတ် တပ်ဖွဲ့ထံမှ သိရသည်။

မီးစတင်လောင်ကျွမ်းချိန်တွင် မီး သတ်ယာဉ် ၄ စီး နှင့်အတူ မီးသတ် တပ်ဖွဲ့များ ရပ်ကွက်ပြည်သူများ ဝိုင်း ဝန်းငြိမ်းသတ်ခဲ့ခြင်းကြောင့် ည ၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။