ထားဝယ်အမျိုးသားနေ့နှင့် အလံ သတ်မှတ်အတည်ပြု

0
572

ထားဝယ်အမျိုးသားနေ့နှင့် အလံ တို့ကို ထားဝယ်အမျိုးသား ညီလာခံ ကိုယ်စားလှယ်များက နိုဝင်ဘာလ ၁၈ ရက်နေ့ ညီလာခံဆွေးနွေးပွဲတွင် အတည် ပြု သတ်မှတ်လိုက်သည်။
ထားဝယ်အမျိုးသားနေ့ကို ထားဝယ်အမျိုးသားညီလာခံ ပထမဆုံး ကျင်းပနိုင်သည့် အထိမ်းအမှတ်အဖြစ် ညီလာခံပြီးမြောက်သည့်ရက် နတ်တော် လဆန်း ၁ ရက်နေ့ကို သတ်မှတ် ကြောင်း ညီလာခံဆွေးနွေးပွဲ သဘာပတိ က ကြေညာခဲ့သည်။
ထို့အပြင် ထားဝယ်အမျိုးသား အလံကိုလည်း အတည်ပြုခဲ့သည်။

အလံပုံစံ ၁၀ ခု တင်သွင်းသည့် အနက် နံပါတ် ၉ အလံကို အဓိက ရွေးချယ်ပြီး အောက်ခံအရောင် အပြာ နှင့် အဝါ အချိုးပြောင်း၊ ရှစ်မြောက်တုံး အလယ်တွင် ဒေါင်းဒင်္ဂါးထည့်ကာ နေရာ အထားအသို အနည်းငယ်ပြောင်းထား သည့် ပုံစံကို အတည်ပြုခဲ့သည်။
“ဒီ(ထားဝယ်အမျိုးသား)နေ့ကို အတည်ပြုလိုက်ပြီ။ ညီလာခံကိုယ်စား လှယ်အားလုံးက သဘောတူလိုက်ပြီ။ ကန့်ကွက်သူရှိသလားမေးတယ်၊ ကန့် ကွက်သူမရှိဘူး၊ သဘောတူကြောင်း ပြောတယ်၊ ညီလာခံကိုယ်စားလှယ် အားလုံးသဘောတူပြီးရင် ဒါအတည် ဖြစ်ပါတယ်။ အလံလည်း သဘောတူ လိုက်ပြီ”ဟု ဦးတင့်လွင်က ပြောသည်။

ဦးတင့်လွင်သည် ထားဝယ် အမျိုး သားညီလာခံ ကျင်းပသည့် ထားဝယ် လူမျိုးစုစည်းမှုကော်မတီ၏ ညှိနှိုင်း ရေးမှူးနှင့် ညီလာခံသတင်း ထုတ်ပြန် ခွင့်ရှိသူ ဖြစ်သည်။
ယင်းသတ်မှတ်အတည် ချက်များ နှင့်အတူ အခြားဆွေးနွေးချက်များအား နိုဝင်ဘာ ၁၉ ရက်(နတ်တော်လဆန်း ၁ ရက်)နေ့တွင် ဆက်လက်ကျင်းပမည့် ညီလာခံအပိတ်နေ့တွင် တင်သွင်းကာ ညီလာခံမှ ထွက်ပေါ်လာသည့် ရလဒ် များကို ပြည်ထောင်စုအစိုးရ၊ ကမ္ဘာ့ကုလ သမဂ္ဂနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ ပေးပို့သွားမည်ဟု ဦးတင့် လွင်က ဆိုသည်။
နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့ တို့တွင် ကျင်းပခဲ့သည့် ထားဝယ်အမျိုး သားညီလာခံဖွင့်ပွဲအခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ ကိုယ်စားလှယ် ဦးရေ ၇၀၀ ကျော် တက်ရောက်ခဲ့သည်။
၎င်းတို့အနက် ဒေသအလိုက်၊ ဇုန်အလိုက် ရွေးချယ်စေလွှတ်သည့် ညီလာခံကိုယ်စားလှယ် ၂၀၀ ဦးခန့်က ဆွေးနွေးခဲ့ကြကြောင်း ညီလာခံကျင်းပ သူများက ထုတ်ပြန်သည်။

ညီလာခံတွင် ထားဝယ်လူမျိုး သမိုင်းစာတမ်း ဖတ်ကြားအတည်ခြင်း၊ ထားဝယ်အမျိုးသားနေ့၊ အလံ၊ တံဆိပ် သတ်မှတ်နိုင်ရန် ဆွေးနွေးအတည်ပြု ခြင်း၊ ထားဝယ်ဘာသာစကား/ထားဝယ် စာပေ၊ ထားဝယ်ရိုးရာယဉ်ကျေးမှုတို့ကို ဖော်ထုတ်ရန် ဆွေးနွေးအတည်ပြုခြင်း များ ပြုလုပ်ခဲ့သည်။
ညီလာခံအား ထားဝယ်လူမျိုးများ ပိုမိုစုစည်းနိုင်ရန်နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရာတွင် ထားဝယ် လူမျိုးများ၏ ဆန္ဒသဘောထားများ ပါဝင်ထည့်သွင်း နိုင်ရန် ရည်ရွယ်ကျင်းပကြောင်း ထုတ်ပြန် ထားသည်။

ညီလာခံ ဦးဆောင်ကျင်းပခဲ့သည့် ထားဝယ်လူမျိုး စုစည်းမှုကော်မတီကို ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ဖွဲ့စည်း ခဲ့ပြီး ဒေသအသီးသီးမှ သံဃာတော် များ၊ ပါတီအရပ်ဘက်အဖွဲ့အစည်း အချို့မှ တာဝန်ရှိသူများနှင့် ဒေသခံ ထားဝယ် လူမျိုးအရေး တက်ကြွလှုပ်ရှား သူအချို့ ပါဝင်သည်။