ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့ တွင် လျှပ်စစ်ဆိုလာပြားများ မရသေး

0
487

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်ဆိုလာပြား များ မရရှိသေးကြောင်း ကျေးရွာမီးလင်း ရေး ကော်မတီအချို့ထံမှ သိရသည်။
ကျွန်းစုမြို့နယ်၊ ကျွဲထရံကျေးရွာ အုပ်စု၊ ပဲ့တိုင်ကျေးရွာအပါအဝင် အနီး တဝိုက်ရှိ ရွာသစ်ဦး၊ ယမုံနှင့် သံပြာ ကျေးရွာတို့တွင် လက်ရှိအချိန်ထိ ဆိုလာ ပြားများ မရရှိသေးသည့် နေအိမ် ၃၀ ကျော်ရှိနေသေးကြောင်း ကျွဲခရံကျေးရွာ အုပ်စုပဲ့တိုင်ကျေးရွာ မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိုးက ပြောသည်။

“ရွာတိုင်းလိုလို (လမ်း)မီးတိုင် တွေလည်း မစုံဘူး။ တစ်ဝက်နှုန်းစီပဲ ရသေးတယ်၊ ပြန်ပေးမယ် ပြောတယ်၊ ဘယ်နေ့မှန်း မသိရဘူး”ဟု ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိုးက ပြောသည်။
လျှပ်စစ်ဆိုလာပြားများကို ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး အမျိုးသားလုံး လျှပ်စစ်မီးရရှိစေရေး စီမံချက်ဖြင့် တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက် ရှိသည်။

ယင်းစီမံချက်တွင် မွေးမြူရေး ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ ဘဏ်မှ ၃၀ ရာခိုင်နှုန်းနှင့် သုံးစွဲသူမှ ၁၀ ရာခိုင်နှုန်း ထည့်ဝင်ရကြောင်း ခရိုင် ကျေးလက်ဦးစီးဌာနမှ သိရသည်။
ဆိုလာပြားငွေများအတွက် သုံးစွဲ သူများဘက်က ပြီးခဲ့သည့်နှစ် မတ်လ မှစပြီး ငွေများပေးသွင်းထားပြီး ဖြစ် ကြောင်း ကျေးရွာမီးလင်းရေးကော်မတီ အချို့ထံမှ သိရသည်။

ဆိုလာများ မရရှိသေးသည့် နေအိမ် များက ငွေများပေးသွင်းထားပြီးဖြစ် သောကြောင့် မီးလင်းရေး ကော်မတီသို့ အပြစ်တင် ပြောဆိုမှုများနှင့် ရင်ဆိုင်ကြုံ တွေ့နေရကြောင်း ဦးဝင်းစိုးက ဆိုသည်။
ကျွန်းစုမြို့နယ်အတွင်း ကျေးရွာ ၃၂ ရွာတွင် တပ်ဆင်ရမည့် စုစုပေါင်း ဆိုလာပြား ၂၁၇၇ ပြားအနက် ဆိုလာ ၂၈ ပြား တပ်ဆင်ရန် ကျန်ရှိနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနထံမှ သိရသည်။

၎င်းအပြင် ဆိုလာနှင့် တွဲသုံးရ သည့် ဆက်စပ်ပစ္စည်းအချို့၊ မီးသီး ၂၇၀ လုံး၊ မီးကြိုး ၁၆၅ ကြိုးနှင့် လမ်းမီးတိုင် ၂၀၀ ကျော် တပ်ဆင်ရန် ကျန်ရှိနေသေး ကြောင်း ယင်းဌာနထံမှ သိရသည်။
ဆိုလာပြား တပ်ဆင်ခြင်းလုပ်ငန်း ကို iCTS(Myanmar)Co.Ltd မှ တာဝန်ယူထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း နောက်ဆုံးထား တပ် ဆင်ပေးရမည်ဖြစ်ကြောင်း ကျွန်းစုမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

“တိုင်တွေကျန်တာ ဆိုလာပြားတစ် ချပ်နှစ်ချပ်ကျန်တာတွေ ရှိတယ်” ဟု အထက်ပါဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က ပြောသည်။
တပ်ဆင်ရန် ကျန်ရှိနေသေးသည့် စာရင်းများကို ကုမ္ပဏီသို့ အကြောင်း ကြားပေးထားပြီး ဖြစ်ပြီး ကုမ္ပဏီဘက်မှ လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား အပြီးတပ်ဆင်ပေး မည်ကို ကတိဝန်ခံချက်ပေးထားကြောင်း ဦးစီးမှူး ဦးသန်းထွန်အောင်က ဆိုသည်။

ကုမ္ပဏီဘက်မှ ဆိုလာပြားများ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာ တွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ အများစုသည် ပင်လယ်ရေလမ်းဖြင့် သွားလာနေသဖြင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲနှင့် နယ်မြေဒေသ ကျွမ်းကျင် မှုမရှိခြင်း စသည့် အခက်အခဲအချို့ ရှိနေကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရ သည်။