မွန်တွင် ဆားအထွက် နောက်ကျနိုင်

0
618

ဆားထုတ်လုပ်ရန် ပင်လယ်ရေစ လှန်းသည့် နိုဝင်ဘာလဆန်းတွင် မိုး ရွာသွန်းသောကြောင့် မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှု နောက်ကျနိုင်သည်ဟု မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်တောင် သူတို့ထံမှ သိရသည်။
ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှ စ တင်ပြင်ဆင်ကြကာ နိုဝင်ဘာလဆန်း တွင် ပင်လယ်ရေတင်ပြီး နေလှန်းသည်။
ရာသီဥတု အခြေအနေကောင်း မွန်ပါက ဒီဇင်ဘာလခန့်တွင် ဆား စတင်ထုတ်လုပ်ကြသည်ဟု ဆားလုပ်ငန်း ရှင်များက ပြောသည်။

“အခုက ပင်လယ်ရေသွင်းထားတာ မိုးရွာချလိုက်တော့ အဲဒီရေတွေက မရ တော့ဘူး၊ ဖောက်ထုတ်ရမယ်၊ ဖောက် ထုတ်ပြီးရင် ပင်လယ်ရေ ပြန်သွင်း ရမယ်”ဟု ပငဆားလုပ်ငန်းရှင် နိုင်ဘရှိန် က ပြောသည်။
ပင်လယ်ရေကို ၁၅ ရက်မှ တစ်ခါ သွင်းရသည်။

ထိုကြောင့် ဒီဇင်ဘာဒုတိယအပတ် ခန့်တွင် ထုတ်လုပ်နိုင်သည့် ဆား သည် ဒီဇင်ဘာနောက်ဆုံးအပတ်မှသာ ထုတ်လုပ်နိုင်မည်ဟု ဆားလုပ်ငန်းရှင် များက ပြောသည်။
“မိုးရွာ မိုးအုံ့နေရင် လှန်းလို့ မရဘူး၊ ဆားမထုတ်နိုင်ဘူး၊ ဆား ထုတ်နိုင်ဖို့က နောက်ကျမယ့် သဘောရှိ တယ်”ဟု သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
၂၀၁၆-၂၀၁၇ ဆားထုတ်လုပ်ရာသီ ကလည်း ရာသီဥတုကြောင့် ဆားကွင်း ပျက်စီးမှုရှိသည့်အတွက် တစ်ပြည်နယ် လုံးဆားအထွက် ၂၅ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်ဟု သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ် ရေး လုပ်ငန်း(မွန်ပြည်နယ်)ရုံးမှ သိရ သည်။

မွန်ပြည်နယ်တစ်လုံးတွင် ဆား ကွင်းဧကပေါင်း ငါးထောင်ကျော်ရှိပြီး ရာသီဥတု ဖျက်ဆီးခြင်း၊ ဆားဈေးကျ ဆင်းခြင်းနှင့် ဆားဈေးကွက်ပျက်လာ ခြင်းတို့ကြောင့် နှစ်စဉ်နှစ်တိုင်းအရှုံး ပေါ်ကြသည်။
ထို့ကြောင့် ဆားလုပ်တောင်သူများ လုပ်ငန်းရပ်ဆိုင်းလာကြကာ လက်ရှိ တွင် ဆားကွင်းဧက ၂၅၀၀ ကျော်သာ ဆား ထုတ်လုပ်နေကြသည်ဟု မွန်ပြည် နယ် ဆားလုပ်ငန်းရှင်အသင်းမှ သိရ သည်။