ထားဝယ်တွင် ရွှေနှင့်ပိုက်ဆံခိုးသူနှင့် ခိုးရာပါပစ္စည်း လက်ခံသူ ဖမ်းမိ

0
461

ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ရွှေထည်နှင့် ငွေကြေး များခိုးယူသူနှင့် ခိုးရာပါပစ္စည်း လက်ခံ ထားသူ နှစ်ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့ မ ရဲစခန်းထံမှ သိရသည်။

စုစုပေါင်း တန်ဖိုး ငွေကျပ် ၄၅ သိန်းကျော်ရှိသည့် ရွှေထည်ပစ္စည်းများ နှင့် ပိုက်ဆံကို ခိုးယူသည့် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် ခိုးရာ ပါပစ္စည်းများကို လက်ခံထားသည့် အသက် ၄၆ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၆ ရက် နေ့က ပိန္နဲတောရပ်ကွက်ရှိ နေအိမ်တစ် အိမ်တွင် အိမ်အောက်ထပ်ရှိ ဘီဒိုအတွင်း မှ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများ ပျောက်ဆုံးသွားခဲ့ပြီး ပန်းတိမ် လုပ်ကိုင် သူထံ လူ ၂ ဦးက ရွှေထည် ပစ္စည်း အတုအစစ်ခွဲခြားလို၍ လာရောက်ပြသ ရာမှတစ်ဆင့် ဖမ်းမိခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

ရွှေထည်ပစ္စည်းများနှင့် ငွေကြေး များကို ခိုးယူသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားနှင့် ခိုးရာပါ ပစ္စည်းများလက် ဝယ်ထားရှိသည့် အသက် ၄၆ နှစ် အရွယ် အမျိုးသားတို့ကို နေအိမ်အတွင်း ခိုးမှု^ခိုးရာပါပစ္စည်း လက်ခံမှုဖြင့် ထားဝယ် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။