မြိတ်တွင် ရေချိုငါးခူ မွှေးမြူသူအချို့ အရှုံးပေါ်

0
566

ဈေးကွက်မရှိသည့်အတွက် မြိတ် တွင် ရေချိုငါးခူမွေးမြူသူတစ်ချို့ အရှုံး ပေါ်နေကြောင်း ရေချိုငါးခူမွေးမြူသူ အ သိုင်းအဝိုင်းမှ သိရသည်။
ကောင်ရေ ရာဂဏန်း မွေးမြူသူ များအတွက် အဆင်ပြေသော်လည်း ကောင်ရေထောင်ချီမွေးမြူသူများ အတွက် အဆင်မပြေဖြစ်နေကြောင်း ယင်း အသိုင်းအဝိုင်းမှ သိရသည်။

ယင်းကဲ့သို့ အရှုံးပေါ်နေသဖြင့် ရေ ချိုငါးခူးမွေးမြူသူတချို့မှာ လုပ်ငန်း ရပ်နားမှုများ ရှိနေကြောင်း သိရသည်။
“စားသုံးသူဈေးကွက် မရှိတာရယ်၊ ရယ်ဒီမိတ်အစာ(ငါးစာ)က ဈေးကြီးလို့ ပါ”ဟု ရေချိုငါးခူသားပေါက်အကောင် ရေ ၄၀၀၀ ကျော် မွှေးမြူရောင်းချလုပ် ကိုင်ခဲ့ဖူးသူ ကိုစိုးမင်းထွဋ်က ပြောသည်။

မြိတ်ဒေသအတွင်း နေထိုင်သူ အများစုသည် ပင်လယ်ရေငန်ငါးများ ကိုသာ အဓိက စားသုံးကြပြီး တနင်္သာရီမြို့နယ် နှင့် အထက်မြန်မာပြည်ဘက်မှ လာ ရောက် အခြေချနေထိုင်သူအချို့ကသာ ရေချိုငါးကို ဝယ်ယူစားသုံးလေ့ရှိကြ ကြောင်း သားငါးဈေးကွက်အတွင်းမှ သိရသည်။
“တစ်နေကုန် ဈေးထဲမှာ ထိုင် ရောင်းတာ ၅ ပိဿာ ၆ ပိဿာလောက်ပဲ ရောင်းရတယ်”ဟု ကိုစိုးမင်းထွဋ်က ဆို သည်။

ရေချိုငါးခူများကို ရန်ကုန်ဈေး ကွက်သို့ တင်ပို့ရောင်းချပါက တွက်ခြေ ကိုက်မည်ဖြစ်သော်လည်း ကုန်ကျမှု စ ရိတ်စကများခြင်းနှင့် ဒေသအတွင်းတွင် လည်း ရောင်းအားမရှိဘဲ ဆက်လက်မွေး မြူထားပါက အကောင်ကြီးလာသည်နှင့် အမျှ ငါးအစာစရိတ် အကုန်ကျများခြင်း တို့ကြောင့် ရပ်နားလိုက်ရခြင်းဖြစ် ကြောင်း ကိုစိုးမင်းထွဋ်က ပြောသည်။
ရေချိုငါးခူသားပေါက်များအား ရန် ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့ နယ်မှ မှာယူမွေးမြူခြင်းဖြစ်ပြီး ၁ လက်မခွဲအရွယ်ရှိ သားပေါက်တစ်ကောင် ကို ၃၅ ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း သိရ သည်။

“အကောင်ရေရာဂဏန်းနဲ့ မွှေးမြူ သူတွေအတွက်က အိမ်တွင်းဈေးဖိုးလေး ပုံမှန်ရနေတော့ တွက်ခြေကိုက်တယ်။ အကြီးအကျယ် လုပ်ရင်တော့ ရှုံးဖို့ ရာခိုင်နှုန်းများမယ် ဒီမြို့ဈေးကွက်မှာ စားသုံးသူက အရမ်းရှားလို့”ဟု အင်းလေးမြိုင် ရပ်ကွက်နေ တနိုင်တပိုင် မွေးမြူသူ ကိုလတ်က ပြောသည်။
ရေချိုငါးခူများကို မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တချို့နှင့် ဝန်မယ်၊ ကျွဲကူးနှင့် စန္ဒဝတ် စသည့် ကျေးရွာတို့တွင် တစ် နိုင်တစ်ပိုင် မွေးမြူနေကြသည်။
ပြီးခဲ့သည့် ၆ လဝန်းကျင်ခန့်က တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဈေး ပေါက်ခဲ့ကာ လက်ရှိ တစ်ပိဿာ လျှင် ကျပ် ၄၅၀၀ အထိသာ ရှိကြောင်း သိရသည်။