မြိတ်တွင် တားမြစ်ဆိုးဆေးပါငါးပိ သိမ်းဆည်းရန် ညွှန်ကြား

0
420

မြိတ်မြို့တွင် ထုတ်လုပ်ရောင်း ချသည့် ငါးပိ တစ်မျိုးတွင် တားမြစ် ဆိုးဆေး ပါဝင်နေသည့်အတွက် သိမ်း ဆည်းရန် နိုဝင်ဘာလ ၁၅ ရက်နေ့က ညွှန်ကြားလိုက်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီထံမှ သိရသည်။

မချို အမှတ်တံဆိပ် ငါးပိနမူနာ ၄ မျိုးကို နေပြည်တော်ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ပသျှူးငါးပိ(အချို)တွင် တားမြစ်ဓာတု ဆိုးဆေး Rhodamine B တွေ့ရှိရသည့်အတွက် ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချနိုင်ခြင်းမရှိ စေရန် ညွှန်ကြားခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူးက ဆိုသည်။
“ဒီနေ့ပဲ ပစ္စည်း(ငါးပိ)တွေသိမ်း ဆည်းဖို့ ညွှန်ကြားလိုက်တာပါ”ဟု ကော်မတီ အတွင်းရေးမှူးက ပြောသည်။

တားမြစ်ဆိုးဆေးပါ ငါးပိများကို သိမ်းဆည်းပြီး ခံဝန်ကတိရေးထိုးရမည် ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
ပစ္စည်းများ သိမ်းဆည်းကာ ခံဝန် ထိုးရမည်ကို မသိရှိသေးကြောင်း မချို အမှတ်တံဆိပ် ငါးပိလုပ်ငန်းပိုင်ရှင် ဒေါ်သန်းသန်းချိုက နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၆နာရီခန့်တွင် ပြောသည်။
Rhodamine B ပါသည့် အစား အစာများကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းကာ ပျို့ အန်ခြင်း၊ မူးဝေခြင်း ကဲ့သို့ အစာ အဆိပ်သင့်သည့် လက္ခဏာများဖြစ် နိုင်ပြီး ရေရှည်တွင် ကျောက်ကပ်နှင့် အသည်းကို ဆိုရွားစွာ ထိခိုက်နိုင်ကြောင်း သိရသည်။