သတ်မှတ်ကာလ တစ်ဝက်ကျော် သည်အထိ ၂၀၁၇ ခုနစ်ထုတ် ဆိုင်ကယ်လိုင်စင်ဈေးနှုန်းမထွက်

0
365

လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသ လိုင်စင်ထုတ်ပေးရန် သတ်မှတ်ထား သည့် ကာလ တစ်ဝက်ကျော်လာသည် အထိ ၂၀၁၇ ခုနစ်ထုတ် ဆိုင်ကယ်လိုင် စင်ဈေးနှုန်း ထုတ်ပြန်ခြင်း မရှိသေးပေ။
၂၀၁၇ ခုနစ်ထုတ်ဆိုင်ကယ်များ နည်းတူ ဂျပန်နိုင်ငံထုတ်နှင့် အင်ဂျင် ပါဝါ ၁၅၀ စီစီနှင့်အထက် ရှိသည့် ဆိုင်ကယ်များ၏ လိုင်စင်ဈေးနှုန်းကို သတ်မှတ်ပေးရန် တိုင်းဒေသကြိးအစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသ လိုင်စင်ကို ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ဒီဇင်ဘာလနောက်ဆုံး အပတ်အထိ သတ်မှတ်ထားသော်လည်း နိုဝင်ဘာလလယ်အထိ ထုတ်ပြန်ခြင်း မရှိပေ။
“လုပ်ပေးမယ်ဆိုလို့ မျော်လင့်နေ ကြတယ်၊ ဖမ်းခံရမှာကိုလည်း စိုးရိမ် နေတယ်”ဟု ၂၀၁၇ ခုနစ်ထုတ် လိုင်စင် မဲ့ဆိုင်ကယ် ဝယ်ယူထားသည့် ထားဝယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အမြင့်ဆုံးမော်ဒယ် ၂၀၁၆ ခုနှစ်ထုတ် ဆိုင်ကယ်၊ ထိုင်း၊ ဗီယက်နမ်ထုတ် ဆိုင်ကယ်နှင့် အင်ဂျင် ပါဝါ ၁၅၀ အထိ ရှိသည့် ဆိုင်ကယ် များကိုသာ ဒေသလိုင်စင် ပြုလုပ်ပေး လျက်ရှိသည်။
ဒေသလိုင်စင် လုပ်ပေးမည့်ကာလ ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ အကြမ်းဖျင်းသတ်မှတ် ထားသော်လည်း လိုင်စင် လုပ်မည့် ဆိုင်ကယ်များ ကျန်နေ သေးပါက အချိန်ကို လိုင်စင် လုပ်ပေးမည့် အချိန်ကို ထပ်တိုးသွား ရန်ရှိကြောင်း ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

ဒေသလိုင်စင် စလုပ်ပေးချိန်မှ အောက်တိုဘာလအထိ ဆိုင်ကယ် အစီး ရေ ၄၃၄၇ စီးကို လိုင်စင်ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး ကညန ရုံးထံမှ သိရသည်။