ကျူးကျော်များအတွက် အိမ်ရာ စငှားတော့မည်

0
361

ထားဝယ်မြို့နှင့် မြိတ်မြို့ရှိ ကျူး ကျော်များအားငှားရမ်းမည့် အိမ်ရာများ ကို လာမည့်နှစ်အစောပိုင်းတွင် စတင် ငှားရမ်းမည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြော သည်။
ကျူးကျော်နေထိုင်သူများအတွက် ရည်ရွယ် တည်ဆောက်နေသည့် အငှား အိမ်ရာများမှာ လက်ရှိတွင် ၉၅ ရာခိုင် နှုန်းခန့် ပြီးစီး နေပြီဖြစ်သည့်အတွက် လာမည့်နှစ်အစပိုင်းတွင် လျှောက်လွှာ ခေါ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

“ကျူးတွေအတွက်ပဲ အဓိကရည် ရွယ်တာပါ၊ ကျူးတွေဆိုတာ အခုလေ ယာဉ်ကွင်းကျူးဆိုလို့ရှိရင် လေယာဉ် ကွင်းနဲ့ ပတ်သက်ပြီး တိုးချဲ့မယ်ဆို လို့ရှိရင် သူတို့တွေ နေစရာမရှိမှာစိုး တဲ့အတွက်ကြောင့် စပြီးတော့ ကျူးကျော် တွေအတွက်ပဲ ရည်ရွယ်တာပါ” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။
အခန်းခနှုန်းထားကိုမူ မသတ်မှတ် ရသေးပေ။

အငှားအိမ်ရာများကို ကျူးကျော် တစ် ခုတည်းကိုသာ ငှားရမ်းခြင်းထက် အိုးအိမ်မရှိသည့် ထားဝယ်ဒေသခံများကို လည်း ငှားပေးသင့်ကြောင်း အိမ်ငှား နေထိုင်ရသည့် အသက် ၃၁ နှစ်အရွယ်ရှိ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒေသခံတွေက အိမ်ပိုင်မရှိကြ ပေမယ့် ကျူးကျော်ပြီး မနေကြဘူး၊ အဆင်ပြေသလိုပဲ အိမ်ငှားပြီး နေကြတာ များတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
အဆိုပါ အမျိုးသမီးမှာ ထားဝယ် ဒေသခံဖြစ်သော်လည်း အိုးပိုင်အိမ်ပိုင် မရှိသည့်အတွက် တစ်လလျှင် ငွေကျပ် ခုနှစ်သောင်းဖြင့် အိမ်ငှားနေထိုင်သူ ဖြစ်သည်။

အိုးပိုင်အိမ်ပိုင်မရှိသည့် ဒေသခံ များအတွက်မူ လာမည့်နှစ်ဆောက်လုပ် မည့် အဆောက်အအုံများပြီးမှသာ ငှား ရမ်းမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
လက်ရှိ အငှားအိမ်ရာအတွက် လေးထပ်အဆောက်အအုံ များကို ထားဝယ်မြို့တွင် ၂ လုံးနှင့် မြိတ်မြို့တွင် ၂ လုံး တည်ဆောက်နေပြီး လာမည့်နှစ် ၌ ထားဝယ်မြို့တွင် ၂ လုံးနှင့် မြိတ် မြို့တွင် ၄ လုံး ထပ်ဆောက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
လေးထပ် အဆောက်အအုံ ၁ လုံးလျှင် အခန်းပေါင်း ၂၄ ခန်းရှိ ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ထံမှ သိရသည်။