မငြိမ်းလေသောငြိမ်း

0
474

“ညနေခင်းရဲ့ လေပြည်ထဲမှာ၊ မေ့ဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ၊
ပန်းပွင့်လေးတွေ ရှက်သွေးဖြာ
ကျေးငှက်လေးတွေ တေးမဆို တော့ပါ”
ခတ္တာငြိမ်းသည် ညမှာ သည်သီချင်း ကို ဆွေးဆွေးမြည့်မြည့် နှုတ်ဆက်သည့် အနေဖြင့် ဆိုပါသည်။

လျှပ်ရောင်လို ပြိုးပြိုးပြက်ပြက် နီယွန်မီးရောင် ခပ်လက်လက်ကြားမှာ ဆံပင်အရှည်နှင့် မြန်မာဆန်ဆန် တည် တည် ငြိမ်ငြိမ်ဆိုတတ်သော အဖြူရောင် လွှလွှ ဝတ်စုံရိုးရိုးလေးနှင့် သူစိတ်ခံစား မှုပါ ထည့်လျက် ဆိုပါသည်။
သံစဉ်ကို ဆွဲဆွဲငင်ငင်အတက်မှာ သူ့ မျက်ဝန်းကလည်း ညိုသည်မှ ပြိုလေ သော မိုးလို မျက်ရည်စတို့ စိုလျက်။ စင် အောက်မှ အစ်ကိုကာလသားတို့က သောင်းသောင်းဖြဖြ ဩဘာပေးပါသည်။ သူမ သည်သီချင်းကို နှုတ်ဆက်သည့် အနေဖြင့် သီဆိုကြောင်း ဘယ်သူကမှ သိလိမ့်မည်ဟု မထင်ပါ။ သူသည်လို အနေအထားဖြင့် နှုတ်မဆက်လိုပါ။
မှန်ရာ ဝန်ခံရလျှင် ငြိမ်း၏ ရင်သည် ဗလောင်ဆူလျက်။ ကမ္ဘာလောကကြီးတစ် ခုလုံးအိုးထိန်းစက်ပမာလည်လျက် ကမ္ဘာ ပျက်နေသလို ငြိမ်းခံစားနေရတာလည်း အမှန်ဖြစ်ပါသည်။ သည်စင်တင်တေးဂီတ မှာ ငြိမ်းသည် ပေါ်ပြူလာအဖြစ်ဆုံး၊ ပွဲ အတောင်းခံရဆုံး ကြယ်တစ်ပွင့်။ အသက်အရွယ်အားဖြင့် နှစ်ဆယ်ပြည့် ရုံလေးမို့ မိန်းကလေး တစ်ယောက်အဖို့ အလှကောင်းဆုံးသောအရွယ်။ အဲသည် အရွယ်မှာ အရာရာကို ငြိမ်းစွန့်လွှတ်ရ တော့မယ့် အနေအထားမှာ နုနယ်သော နှလုံးသားအစုံဖြင့် ငြိမ်း အဘယ်သို့လျှင် ခံစားနိုင်အံ့နည်း။ ငြိမ်းအဖေနဲ့အမေ့ကို သည်အချိန်မှာ တမ်းတမိပါသည်။ အဖေ နဲ့အမေတို့နဲ့ ဝေးရာမှာ ငြိမ်းအဖို့ ကမ္ဘာ ပျက်သလို ရယ်ပါ။

၂။ ငြိမ်းနှင့် တွေ့ဆုံခြင်း။
“ထိုင်ပါညီမ”လို့ ပဋိသန္တာရ စကား ဆိုရင်း အရေးပေါ်ဌာနအတွင်းသို့ ဝင်လာသော သည်ကလေးမကို နှုတ် ဆက်ပါသည်။ လူနာကို လူနာလိုပဲ ကြည့်တတ်သော ကျွန်တော့်အနေဖြင့် သည်ကလေးမကိုတော့ မှတ်မှတ် သားသား သတိထားမိပါ၏။
နေ့တဓူဝ အပူသည်များနှင့် အသည်း အ သန်လူနာတွေကိုသာ တွေ့နေရသည့် အရေးပေါ် ဆရာဝန်အနေဖြင့် အရေး ပေါ်မဟုတ်ပါဘဲ ကိုယ့်ဆီတကူးတက တွေ့ခွင့်တောင်းပြီး ဝင်လာသောသည် ကလေးမကို အကဲခတ်ကြည့်မိသည်။

နက်မှောင်ပြီး ပွသယောင်းနေသည့် ပိတုန်းရောင် ဆံကေသာကို တစောင်းချ လျက် ဖြောင့်စင်းသော နှာတံ၊ ကော့ညွှတ် သော မျက်တောင်၊ ရဲသော ပါးအို့အစုံနှင့် ရွှန်းလက်သော မျက်ဝန်းသည် ပြိုလုလု မိုးလို တစ်စုံတစ်ခုကို သူစိုးရွံ့နေဟန် ရှိပါသည်။ နီရဲသော နှုတ်ခမ်းအစုံကို တင်းတင်းစေ့လျက် တစ်စုံတစ်ရာကို ရဲရဲဆုံးဖြတ်ချက်ချထားသလို ရှိပါသည်။ စိတ်၏ ဖိစီးမှုကြောင့် မဖီးမလိမ်း မပြင် မဆင်ပါဘဲလျက် ငယ်ဂုဏ်ဖြင့် လှနေမြဲ လှနေဆဲသော သည်ကလေးမသည် ခတ္တာငြိမ်းမည်၏။ အသက်က နှစ်ဆယ် လို့ ဆိုပါသည်။
“ဆရာ့ကို သမီးတိုင်ပင်စရာလေး ရှိလို့ ပါ ဆရာ”လို့ ခပ်ရဲရဲပဲ သူမိတ်ဆက် စကား ဆိုသည်။

“ဘာများပါလိမ့်ကွယ်”
“သွေးစစ် ထားတဲ့ အဖြေနဲ့ ပတ် သက်လို့ သမီးသေ ချာသိချင်လို့ပါဆရာ၊ သမီးပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ သမီးက ကာရာအိုကေနဲ့ စင်တင်တေး ဂီတတွေမှာ သီချင်းဆိုပါတယ် ဆရာ။ အရင်က မလုပ်ခဲ့ဖူးလို့ ပထမဆုံးလို့ ပြောလို့ရတယ်ဆရာ။ သမီးအစ်မ ဝမ်းကွဲနဲ့ အတူလိုက်လာတာသည် မြို့ ကို ပထမဆုံးအကြိမ်ပါပဲ။ ခုဆို နှစ်နှစ် နီးပြီပေါ့ဆရာ”
“အင်း”
ကျွန်တော် စကားထောက်ပေးတော့ သူ့ ဇာတ်လမ်းကို ဆက်ပါသည်။

“သမီးစရောက်ခါစကတော့ အတော် အသားမကျဘူး ဆရာ၊ နောက် တဖြည်း ဖြည်းနဲ့ သမီးယုံကြည်မှု ရှိလာတယ်၊ ပရိသတ်ကလည်း ခတ္တာငြိမ်းရယ်လို့ လက်ခံလာကြတာကိုး”
ပြောရင်းက သူကျွန်တော့်ကို အကဲ ခတ်သည်။ ခေါင်းကို ဆတ်ပြပြီး သူ့ စကားကို နားထောင်နေကြောင်း ကျွန်တော် ပြတော့ သူ့စကားကို ဆက်ပါသည်။
“ရောက်ပြီး သိပ်မကြာပါဘူး ဆရာရယ်၊ သမီးပရိသတ်တွေ ရှိလာ တယ်။ သမီးမှ သမီးရယ်လို့ ဖြစ်လာ ကြတဲ့ပရိသတ်တွေအထဲက ကိုကြီးဇော်နဲ့ တွေ့ကြတာပါပဲ”
“အင်း”
ကျွန်တော်ဆိုတော့ သူဆက်ပြော သည်။

“ပထမတော့ ပန်းစည်းတွေ ပေး၊ ဆုတွေချပေါ့ ဆရာရယ်။ နောက် သမီး ကို သူ့ဝိုင်းအနား ခေါ်ထိုင်တာတို့ လုပ် လာတယ်”
“နို့၊ ဆရာ စကားဦးဖြတ် မေးဦး မယ်နော် ညီမ။ ညီမအဲသည်အချိန်က အိပ်ခ်ျအိုင်ဗီဆိုတာ မကြားဖူးဘူးလား ကွယ်”
သူတစ်ချက်ရယ်သည်။ သူ့ရယ်သံ မှာ လောကကြီးကို စိတ်နာနာနဲ့ ပြက်ရယ်ပြုလိုတဲ့ ရယ်သံမျိုး။

“သမီး ကြားဖူးတယ်ဆရာ၊ ဘယ်လို အကာအကွယ်သုံးရမယ်။ ဘာတွေ ရှောင်ရမယ် စသဖြင့် ပညာပေးတာတွေ ကြား ဖူးတယ်၊ လက်ကမ်းစာစောင်တွေ ဖတ်ဖူးတယ် ဆရာ။ ခက်တာက”
သူပြောရင်းအသံ တိမ်ဝင်သွားသည်။ ပြီးတော့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း သူ ဆက်ပြောသည်။
“ကိုကြီးဇော်က သမီးကို ငြင်းမရ အောင် လိုက်လျောပြီး အကာအကွယ် မသုံးဖို့ တောင်းဆိုတယ် ဆရာ”
“ဟေ . . ။ သမီးက ဘယ်လို”

“ဟုတ်တယ်၊ ဆရာ၊ ကိုကြီးဇော် ဆိုတာ ဆရာတို့မြို့က လူရည်တတ်ထဲက တစ်ယောက်၊ အသက်ငယ်ငယ်နဲ့ သိန်း ပေါင်းထောင်နဲ့ချီပြီး ကြွယ်ဝလာတဲ့သူ။ သူ ကိုယ်တိုင်က အင်မတန်မှ အကောင်း ကြိုက်တာ၊ မကြာမကြာဆေးစစ်တယ်လို့ ပြောတယ်ဆရာ။ စကားပြောလည်း ကောင်းတယ်။ ကျွန်မအပေါ်လည်း လို လေသေးမရှိ ဂရုစိုက်တယ်”
ပြောရင်းက ကောင်မလေး ကျွန်တော့်ကို မျက်ထောင့် ကပ်လျက် အကဲခတ်သည်။ ကျွန်တော် နားထောင် နေမှ သူဆက် ပြောသည်။
“ကျွန်မ ပထမတော့ အကာအကွယ် သုံးဖို့ တောင်းဆိုတယ် ဆရာ၊ သူလည်း လိုက်လျောတယ်။ နောက် အကြိမ်တွေမှာ ကျွန်မ မငြင်းနိုင်အောင် သူတောင်းဆိုရင်း က လိုက်လျောမိရာက ကူးစက်ခံလိုက် ရတာ”

“ခုတောင် သူယိုးဒယား သွားဆေး စစ်ရင်း မကျန်းမမာဖြစ်တယ်ကြားလို့ ကျွန်မမယုံတာနဲ့ သွေးစစ်ရင်းက အဲသည် အဖြေကို သိခဲ့ရတာပါ ဆရာ”
သူဆက်ပြောသည်။
“ပထမတော့ ကျွန်မ ကမ္ဘာပျက် သွားသလိုပါပဲ ဆရာရယ်။ မယုံရဲဘူး။ ပြင်ပဆေးခန်းတွေမှာ ထပ်စစ်တယ်။ အဲသည်အဖြေတွေပါပဲ ဆရာ”
သူပြောရင်းက သွေးစစ်ထားသည့် အဖြေ စာအိတ်လေးကို ကမ်းပေးသည်။ အဖြေက အိပ်ခ်ျအိုင်ဗီပေါ့စတစ်။

၃။ မျှော်လင့်နိုင်ခြင်း အသင်္ချေ
“သမီးရေ၊ သွေးအဖြေကတော့ သမီး သိတဲ့အတိုင်း မှန်ပါတယ်ကွယ်၊ ဒါပေမဲ့ သမီးအတွက် မျှော်လင့်ချက်တွေ မဆုံး သေးဘူး”
ကျွန်တော် အားပေးစကားဆိုတော့ သူ့မျက်ဝန်းလေး လက်ခနဲလက်သွား သည်။
“မျှော်လင့်နိုင်ခွင့် အသင်္ချေလို့ တောင်မှ တင်စားကြတာကွဲ့၊ ညီမရဲ့။ ဒါပေမဲ့ ညီမလိုက်နာရမှာတွေ ရှိတယ်။ ပထမ ဆုံးက ကိုယ့်ကိုယ်ကိုယ် ကျန်းမာ အောင် နေထိုင်ရမယ်။ နောက်ကိုယ် ကနေသူများကို မကူးစက်အောင် သတိထားလိုက်နာဖို့ လိုအပ်တယ်။ နောက် ကိုယ်ခံစွမ်းအား CD4 အရေ အတွက်အပေါ် တည်ပြီးပေး မယ့်ဆေးကို နေ့စဉ် ရက်ဆက် မပျက်မကွက် အချိန် မှန် သောက်ကြရမယ်”လို့ ပြောပြတော့ သူစိတ် ကျေနပ်သွားသလို ဟန်က အထင်းသား။

“ပထမဆုံးကိုယ့်မှာ အဲသည်ရောဂါ ရပြီဆိုတာနဲ့ တကယ့် ကမ္ဘာကြီးပြိုလဲ သလို ညီမခံစားရလိမ့်မယ် ညီမရေ။ အဲ့ဒီအဖြစ် အပျက်ကို အမှန်လက်သင့် ခံနိုင်ဖို့ ကြိုးစားရမယ်။
ကိုယ်သာဆိုရင်လည်း ခံစားရမှာ ပဲဖြစ်လို့ ကိုယ်ချင်းစာပါတယ် ညီမရေ။ အဲသလို အဖြစ်အပျက်အတူ ဖြစ်ကြတဲ့ Peer Group လေးတွေ အချင်းချင်း အားပေးနိုင်ဖို့ ဆက်သွယ်နိုင်ဖို့ ART Clinic (အိပ်ခ်ျ အိုင်ဗီရောဂါဆေးပေးခန်း)လေးတွေက နှစ်သိမ့်ဆွေးနွေး ပညာပေး ခြင်း(Counselling) လုပ်ပေးနေကြတဲ့ ညီမငယ်တွေနဲ့ မိတ်ဆက် ဆက်သွယ်ပေး မယ်။ ဆေးတွေရဖို့ စီစဉ်ပေးပါ့မယ်”လို့ ပြောပြတော့
“ကျေးဇူးပါဆရာ၊ သမီးဆရာ့ စေတနာတွေကို လေးစားပါတယ်။ ဆရာ့စကားလည်း နားထောင်ပါ့မယ်။ သို့ပေမဲ့ ညီမသည် ညနေပဲ ခရီးထွက်ဖို့ စီစဉ်ထားလို့ပါ”လို့ သူဆိုပါ၏။
“အဲသလိုဖြင့် ညီမရေ၊ ခုသောကြာ နေ့ဆိုတော့ ART corner မှာ Coun-selling တော့ သွားလိုက်ပါဦး ။ အဲသည် ကနေ ညီမသွားမယ့် မြို့က ဆေးပေးခန်း တွေနဲ့ ချိတ်ဆက်ဖို့ပါ သူတို့တွေ ကူညီ ကြပါလိမ့်မယ် လို့ပြောရင်း သူ့ကို ART cornerသို့ လမ်းညွှန်ရပါသည်။

၎။ အဆိပ်ပြင်းသော လီယိုပါထရာငြိမ်း
သူထွက်သွားတော့ ကျွန်တော့ သူနာပြု ဆရာမကြီးက ရယ်ပြီး
“တို့ဆရာ အရမ်းကို စေတနာထား ပြီး စိတ်ရှည်လက်ရှည်ကို ပြောပြတာ ပဲနော”လို့ စပါသည်။
“ဟုတ်ဘူး စစ်စတာကြီးရဲ့၊ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေး ရှုထောင့်အရ ရောဂါတစ်ခု ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ကြရာ မှာ ကူးစက်မှု ကို ဖြတ်တောက်နိုင်ဖို့ အရေးအကြီး ဆုံးပဲဗျ။
အဲသည် ရောဂါပိုး သယ်ဆောင်သူ Carrier ကောင်မလေးရဲ့ အနေအထား အရ ရောဂါလက္ခဏာ တစ်စုံ တစ်ရာ မပြပါဘဲ သူ့အသက်အရွယ်နဲ့ သူ့ရုပ် ရည်လေးနဲ့ နောက်ထပ် ဆယ်စုနှစ်တစ်ခု လောက် အနည်းဆုံးသူရောဂါ ဖြန့်ဝေ ပေးနိုင်သေးတယ် စစ်စတာကြီးရဲ့။

ဆိုရရင် တစ်နေ့သူဘယ်နှစ် ယောက် အထိသူရောဂါဖြန့်မလဲ။
သူ့အတွက် မထူးတဲ့ အနေအထား တစ်ခုမှာကိုယ်နဲ့အတူ အကုန်ကူးကြ ပါစေရယ်လို့ သူ့ဘက်က စိတ်စေတနာ နဲ့သာရောဂါကို ဖြန့်လိုက်။ အဲသည် အမျိုးသားတွေကတဆင့် သူ့အမျိုး သမီးနဲ့ မိသားစု၊ အဲသည်ကတဆင့် ကူးစက်ကြမဲ့အရေးကို မြင်လို့ သူ့အပေါ် အလေးတယူနဲ့ ဂရုစိုက်ပြီးရှင်း ပြတာပါ စစ်စတာရဲ့”လို့ ပြောတော့
“စတာပါ ဆရာရယ်၊ ဆရာ့ စေတနာ ကျွန်မတို့ နားလည်ပါတယ်”

“အင်း၊ သည်ကောင်မလေး နားလည် နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ စစ် စတာရေ။ မြွေရဲ့အဆိပ်ကို အဆိပ် မှန်းသိပါလျက်နဲ့ ကိုယ့်ကိုကိုယ် အဆိပ် အသင့်ခံရင်း လူမှုကစားပွဲထဲ နစ်မွန်း နေကြရတဲ့ ကလီယိုပါထရာလေးတွေ မြင်ရတာ စိတ်မချမ်းသာလိုက်တာဗျာ”လို့ ပြောရင်း တဆက်တည်း ညည်းမိ ပါသည်။
“အကယ်၍သာ သည်ညနေကားနဲ့ တစ်နယ်သွားမယ့် သည်ကလေးမ နယ်ပယ်သစ်မှာ လူသစ် စိတ်သစ်နဲ့ သူ့ဆီက ရောဂါတွေကို အခြားသူတွေကို ထပ်ဖြန့်မယ်ဆိုရင်တော့ စိတ်မော စရာပဲဗျာ”လို့ ပြောရင်း သက်မောချမိ ပါသည်။

၅။ ငြိမ်းပါစေတော့ ငြိမ်း
ညနေစောင်းတော့ ကျွန်တော် ကမ်းနားဘက်မှ လေပြည်ကို ရှိုက်ရှူ ရင်းခဏဆည်းဆာကို ငေးမိပါသည်။ ထိုအခိုက် ပျံ့လွင့်လာသော တေးသံ ကြားမှာ မငြိမ်းလေသော ခတ္တာငြိမ်းကို ခဏတော့ သတိရမိပါသေးသည်။
“ညနေခင်းရဲ့ လေပြည်ထဲမှာ
မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့ အခါ
ပန်းပွင့်လေးတွေ ရှက်သွေးဖြာ
ကျေးငှက်လေးတွေ တေးမဆို တော့ပါ. . .”
တခါတလေမတော့ ရယ်စရာမပါ ပေမဲ့ မောရတာလည်းရှိတတ်သည်သာ။
ဆက်ပါဦးမည်။
ကိုရိုးဆေး