တနင်္သာရီတွင် ကျောက်တင်ကားနှင့် ဆိုင်ကယ်တိုက်၊ သားအဖသုံးဦးပွဲချင်းပြီး သေဆုံး

0
446

တနင်္သာရီမြို့နယ်တွင် ကျောက် တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး သား အဖသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရ သည်။

သိန်ခွန်းကျေးရွာအုပ်စုချောင်းလမုရွာတွင် နိုဝင်ဘာလ ၆ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ကျောက်တင် ကားနှင့် တစ်ဖက်ယာဉ်ကြော မျက်နှာချင်း ဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ် တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးလာ သည့် သားအဖသုံးဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိန်းခွန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြတ်ဇော်က ပြောသည်။

ဖခင်ဖြစ်သူက ဆိုင်ကယ်ကိုမောင်း နှင်ပြီးKGတန်းတက်နေသည့် အသက် ၆ နှစ်အရွယ် သားငယ်နှင့် ဒုတိယတန်း တက်နေသည့် အသက် ၉ နှစ်အရွယ် သမီးကို ကျောင်းပို့သွားစဉ် ယင်းသို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့ မ ရဲစခန်းထံမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်၍ တနင်္သာရီမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ယင်း ရဲစခန်း ထံမှ သိရသည်။