လမ်းဘေး အရက်ဝိုင်းဖွဲ့ သောက်က ရဲထံ ဖုန်းဆက်တိုင်ပါ

0
462

ထားဝယ်နှင့် မြိတ်မြို့တို့တွင် အများပြည်သူနှင့် သက်ဆိုင်သော နေရာ များတွင် အရက်သောက်စား မူးယစ်မှု များရှိပါက တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာ ရဲစခန်းများက ထုတ်ဖော် ပြောဆိုလိုက်သည်။
လမ်းမဘေးနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ယင်းကဲ့ သို့ အရက်ဝိုင်းဖွဲ့ကာ သောက်စားမူးယစ် နေပါက ဖုန်းဆက်တိုင်ကြားနိုင်ပြီး ရဲအက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။
လက်ရှိတွင်လည်း အရက်ဝိုင်း ဖွဲ့ကာ သောက်စားမူးယစ်နေခြင်းကြောင့် အမှုဖွင့်အရေးယူထားသည့် ဖြစ်စဉ်များ ရှိကာ ကျောင်းသားလူငယ်များ ဖြစ်ပါက ဆုံးမပြီး မိဘခေါ်ကာ ပြန်အပ်နေကြောင်း ၎င်းက ပြောသည်။

“ပြစ်မှုဖြစ်လာနိုင်တဲ့ အနေအထား မျိုးဆို အမှုဖွင့် အရေးယူတာတွေ လုပ်ဆောင်နေပါတယ်”ဟု စခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။
ထားဝယ်မြို့ရှိ ကမ်းနားလမ်း တစ်လျှောက်နှင့် လေယာဉ်ကွင်းလမ်း (ဂေါက်ကွင်းလမ်း)တစ်လျှောက်တွင် အရက်ဝိုင်းဖွဲ့ကာ သောက်စားနေမှု အချို့ ရှိသည်။
တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ည အချိန်များတွင် အုပ်စုဖွဲ့ ဓားဖြင့် ခုတ်ခြင်း နှင့် ခိုက်ရန် ဖြစ်ပွားမှုများ ရှိခဲ့ပြီးနောက် ယင်းကဲ့သို့ တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းပုဒ်မ ၁၈၈ အရ အမြင့်ဆုံး ထောင်ဒဏ် ၆ လဖြစ်စေ ဒဏ်ငွေ ကျပ်တစ်ထောင်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

အများပြည်သူသွားလာနေသည့် လမ်းပေါ်တွင် ဝိုင်းဖွဲ့ကာ အရက် သောက်စားခြင်းမှာ လူ့အဖွဲ့အစည်း အနေဖြင့် လက်သင့်မခံနိုင်သည့် ကိစ္စ ဖြစ်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်လယ် ရပ်ကွက်နေ ဦးဇော်မိုးက ဆိုသည်။
လမ်းဘေးတွင် အရက်ဝိုင်း တွေ့ သည့်အတွက် တာဝန်သိပြည်သူက ဖုန်းဆက် အကြောင်းကြားချိန်တွင် တာဝန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များက အချိန်မီ လာရောက်ထိန်းသိမ်းမည်ဆိုပါက ဖုန်းဆက် တိုင်ကြားကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဖုန်းဆက်ပြီးရင် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့က မလာဘူးဆိုရင် နောက်ဆို ဖုန်းဆက်တိုင်တော့မှာ မဟုတ်ဘူး”ဟု ဦးဇော်မိုးက ဆိုသည်။
ထားဝယ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိ ရဲအက်ဖြင့် အရေးယူထား သည့် အမှုပေါင်း ၉ မှုရှိကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။