ရခိုင်ပြည်နယ်အတွက် တနင်္သာရီတိုင်းက စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းလှူမည်

0
417

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရှိ မြိုလူမျိုးတို့၏ရွာသစ်တွင် တနင်္သာ ရီတိုင်းသူ တိုင်းသားတို့၏ အလှူငွေဖြင့် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတို့ ဆောက်လုပ်လှူဒါန်းသွား မည်ဟု တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

ရခိုင်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် မြိုလူမျိုး ၈ ဦး အသတ်ခံခဲ့ရပြီး ယင်းမြိုလူမျိုးများ ပြောင်း ရွှေ့အခြေချ နေထိုင်သည့် မောင်တော – ကျောက်ပန္ဒူ ကားလမ်းနံဘေးရှိ ကိုင်းကြီးရွာ(မြိုရွာသစ်)တွင် စာသင် ကျောင်းနှင့် ဘုန်းကြီး ကျောင်းဆောက် လုပ်ပေးမည် ဖြစ်သည်။
၉၀_၃၀ စာသင်ကျောင်းဆောင် ၁ ဆောင်၊ ကျောင်းဝန်ထမ်းအိမ်ရာ ၂ ခန်း၊ အိမ်သာ ၄ လုံး၊ ၂ ဧကအကျယ် ခြံစည်းရိုး၊ ကျောင်းဝင်လမ်း အရှည်ပေ ၂၅၀ ကွန်ကရစ်လမ်းနှင့် ယင်းလုပ်ငန်း များအတွက် ကျပ်သိန်း ၁၅၀၀ ခန့် ကုန်ကျနိုင်ကြောင်း ဒေါက်တာလဲ့လဲ့မော် က ပြောသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့မှ ကော့သောင်းခရိုင်တွင် သွားရောက် အလှူခံခဲ့စဉ်က ကျပ်သိန်း ၈၀၀ ရရှိခဲ့ပြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ဆက်လက်အလှူခံမည် ဖြစ်ကြောင်း ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။
“ပုဂ္ဂလိက တစ်ဦးတစ်ယောက် တည်းရဲ့ အလှူငွေ မလိုချင်ပါဘူးရှင်၊ အားလုံးဝိုင်းလှူတဲ့ အလှူကို လိုချင်တာ ပါ၊ အဲဒါကြောင့်မို့ အလှူဆက်ခံမှာပါ” ဟု ၎င်းက ပြောသည်။
ဘုန်းတော်ကြီးကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းရန်အတွက်မူ တစ်သီးပုဂ္ဂလ အလှူရှင် ရှာဖွေသွားမည် ဟု ဒေါက်တာလဲ့လဲ့မော် က ပြောသည်။

လှူဒါန်းမည့်ခေါင်းစဉ်ကို တိုင်း အစိုးရမှ ပွင့်လင်းစွာ ပြောဆိုအလှူခံ ပါက ရခိုင်ရှိ တိုင်းရင်းသားညီအစ်ကိုများ အရေးအတွက် လှူဒါန်းရန် အသင့်ရှိ ကြောင်း ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်း(ထားဝယ်)မှ ဦးကျော် ကျော်သက်က ပြောသည်။
မြိုရွာသစ် ကိုင်းကြီးရွာ စာသင် ကျောင်းဆောင်သစ်နေရာတွင် တနင်္သာ ရီနှင့် ရခိုင် အစိုးရအဖွဲ့ဝင်တို့က နိုဝင် ဘာလ ၅ရက်တွင် ပန္နက်တင် ခဲ့သည်။
လက်ရှိတွင် ယင်းရွာ၌ မြိုလူမျိုး ၂၈၀ ကျော်တို့သည် ယာယီတဲငယ် ၄၀ ခန့် ဆောက်လုပ် နေထိုင်ကြပြီး ၎င်း တို့ကို အိမ်ဆောက်ပေးရန်အတွက် ရန်ကုန်တိုင်းအစိုးရက တာဝန်ယူထား ကြောင်း ဒေါက်တာလဲ့လဲ့မော်က ဆို သည်။