ရဲတပ်သားကို သေနတ်ဖြင့် ပစ်သတ်သည့် တရားခံ၏အယူခံ တိုင်းတရားလွှတ်တော် ပလပ်

0
441

ထားဝယ်မြို့တွင် ရဲတပ်သားအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တရားခံ ဖြစ်သူ သီဟနိုင်(ခ) ညီငယ်၏ အယူခံ အမှုကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တိုင်းဒေသကြီး တရားလွှတ်တော်က ပလပ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး တရားလွှတ်တော်ထံမှ သိရသည်။
ရဲတပ်သားအား ပစ်သတ်ခဲ့သည့် သီဟနိုင်ကို လူသတ်မှု၊ မူးယစ်ဆေးဝါး အမှုများဖြင့် ထောင်ဒဏ်နှစ်အကန့် အသတ်မရှိ ပြစ်ဒဏ် ၂ ခုနှင့် ထောင် ဒဏ်နှစ် ၄၈ နှစ် ကျခံစေရန် ထားဝယ် ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့က အသီးသီး အမိန့်ချမှတ်ထားသည်။

တရားခံဖြစ်သူ သီဟနိုင်၏ အယူခံ အမှုကို အကျဉ်းထောင်ထဲမှ တစ်ဆင့် တင်သွင်းလာပြီး တိုင်းဒေသကြီးတရား လွှတ်တော် (တရားသူကြီး ၁ ဦးထိုင်)က ပလပ်သည့် အမိန့်ချ လိုက်ခြင်း ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံး ထံမှ သိရသည်။
“ဒီချမှတ်မှုကို မကျေနပ်ရင် ပြည် ထောင်စုတရားလွှတ်တော်ချုပ် (၁ ဦး ထိုင်)ကို အယူခံ ဆက်တက်လို့ ရတယ်”ဟု တိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဒေါ်ပိုက်ပိုက်အေးက ပြော သည်။

ပြည်ထောင်စု တရားလွှတ်တော် ချုပ်(၁ ဦးထိုင်) စီရင်ချက်ကို ကျေနပ်မှု မရှိပါက တရားသူကြီး (၂ ဦးထိုင်)ထံ ထပ်မံအယူခံ ဝင်နိုင်ပြီး အဆိုပါ အဆင့်တွင် ပလပ်သည့် အမိန့်ချမှတ် ပါက ထပ်မံအယူခံတက် ခွင့်မရှိတော့ ကြောင်း ဒေါ်ပိုက်ပိုက်အေးက ရှင်းပြ သည်။
ထားဝယ်မြို့ ကမ်းနားလမ်းရှိ နေအိမ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဝင်ရောက်ဖမ်းဆီးစဉ် သေနတ်တစ်လက်၊ တရားခံ ၄ ဦးနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး သီဟနိုင်(ခ) ညီငယ်မှာ လွတ်မြောက်သွားကာ ရဲတပ်ဖွဲ့မှ မူးယစ် တရားခံပြေးအဖြစ် သတ်မှတ်ခဲ့သည်။

မူးယစ်တရားခံပြေးဖြစ်သူ သီဟ နိုင်အား ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက် ရှိ နေအိမ်တစ်အိမ်တွင် ၂၀၁၆ ခုနှစ် မေလက ဝင်ရောက်ဖမ်းဆီးစဉ် သေနတ် ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ရဲတပ်သား တစ်ဦးသေဆုံးခဲ့သည်။