နိုင်ငံခြားသူတစ်ဦးရေးဆွဲသည့် ထားဝယ်ခရီးသွားလမ်းညွှန်မြေပုံ စဖြန့်

0
433

ထားဝယ်ဒေသသို့ လာရောက်ကြ မည့် နိုင်ငံခြားသားများအတွက် ရည် ရွယ်ကာ နိုင်ငံခြားသူတစ်ဦး ရေးဆွဲ သည့် ခရီးသွားလမ်းညွှန်မြေပုံကို နိုဝင် ဘာလ ၇ ရက်က စတင်ဖြန့်ဝေခဲ့သည်။
ထားဝယ်ဒေသတွင် သတင်းအ ချက်အလက်နှင့် ပတ်သက်၍ အားနည်း နေသည့်အတွက် ပြီးခဲ့သည့် ဇွန်လက စတင်ရေးဆွဲခဲ့ပြီး ယင်းခရီးသွားလမ်း ညွှန်မြေပုံကို ကြည့်ကာ မည့်သည့်နေရာ များကို သွားရောက်လည်ပတ် တည်းခို နိုင်သည်ကို သိနိုင်ကြောင်း ယင်းလမ်း ညွှန်မြေပုံ ရေးဆွဲခဲ့သည့် နယ်သာလန် နိုင်ငံသူHanneke Moors က ဆို သည်။

“ဒီလမ်းညွှန်ကို ကြည့်ပြီး တစ် ရက်နေမယ့် သူတွေတောင် လေး၊ ငါး ရက်နေပြီး လည်ပတ်ကြလိမ့်မယ် ထင် တယ်”ဟု Hanneke Moors က ပြောသည်။
အဆိုပါ ခရီးသွားလမ်းညွှန်မြေပုံ တွင် ထားဝယ်ဒေသရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီ များနှင့် လည်ပတ်ရန် စိတ်ဝင်စားစရာ နေရာများကို မြေပုံနှင့်တကွ ထည့်သွင်း ဖော်ပြထားသည်။

သို့ရာတွင် ဟိုတယ်တချို့နှင့် သွားလာ လည်ပတ်စရာ နေရာအချို့ ကျန်နေသေးသည်။
အဆိုပါ လမ်းညွှန်မြေပုံကို အင်္ဂ လိပ်ဘာသာစကားဖြင့် ဖော်ပြထားပြီး လေယာဉ်ကွင်း၊ ဟိုတယ်၊ စားသောက် ဆိုင်နှင့် ယာဉ်လိုင်း အချို့ အစရှိသည့် နေရာများတွင် အခမဲ့ ထားရှိသွားမည်ဟု Hanneke Moors က ဆိုသည်။

ယင်းလမ်းညွှန်မြေပုံ မိတ်ဆက်ပွဲ ကို နိုဝင်ဘာလ ၇ ရက်က ဇေယျာထက် စံဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး တိုင်းဒေသ ကြီး သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးနှင့် ဟိုတယ်/ခရီးတာ ဝန်ရှိသူအချို့ တက်ရောက်ခဲ့သည်။