မြိတ်တွင် အမှိုက်စွန့်ပစ်ရန် မြေ ၅၀ ဧကခန့် လိုနေ

0
391

မြိတ်မြို့တွင် အမှိုက်ထွက်ရှိမှုများ နေသဖြင့် အမှိုက်စွန့်ပစ်ရန် မြေနေရာ ၅၀ ဧကခန့် လိုအပ်နေကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များမှ နေ့စဉ်ထွက်ရှိနေသည့် အမှိုက်များကို ကလွင်ရပ်ကွက်ရှိ သုသာန်နံဘေး မြေ ၄ ဧကပေါ်တွင် အမှိုက်များကို စွန့်ပစ် လျက်ရှိကြောင်း စည်ပင်ကော်မတီမှ သိရသည်။

“မော်လမြိုင်မှာဆို ဧက ၅၀ ရှိတာ ပစ်ဖို့ မလောက်ဘူး၊ အမှိုက်တွေ ကို ပှံမှန် ဖျက်ဆီးနိုင်မယ့် စက်ယန္တယား တွေရှိမယ်ရှိရင်တော့ ဒီလောက် မလိုပါ ဘူး၊ နောက်ပိုင်းအတွက် ကြိုပြီးတော့ စီမံရမယ်၊ ခုကတည်းက တောင်းမှ ရမယ်၊ မြေတွေလည်းရှားလာပြီ မြို့ကလည်း တဖြေးဖြေးကြီး လာပြီးဆိုတော့ ပစ်တဲ့ အမှိုက်တွေလည်း များလာမယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။

လက်ရှိအမှိုက်ပုံတွင် အမှိုက်များ နေသဖြင့် မီးရှို့ဖျက်ဆီးနေရခြင်း ကြောင့် ပတ်ဝန်းကျင်ရှိ နေအိမ်တချို့မှာ မီးခိုး အငွေ့ဒဏ်ကို ခံစားနေရသည်ဟု အဆို ပါနေအိမ်အချို့ထံမှ သိရသည်။
“မီးရှို့တာကို ရေရှည်လုပ်လို့ မရ ဘူး။ ဒီကိစ္စကို အရေးတကြီးစဉ်းစားနေပါ တယ်”ဟု စည်ပင်ကော်မတီဥက္ကဋ္ဌဦးမြတ် ကိုကိုက ပြောသည်။
လတ်တလော အထက်ပါနေရာတွင် အမှိုက်များကို မီးရှို့ဖျက်ဆီးနေသည့် အတွက် အုတ်ဖုတ်လုပ်ငန်းခွင်အဟောင်း အချို့တို့တွင် ပိုင်ရှင်များ၏ ခွင့်ပြုချက် ဖြင့် အမှိုက်များကို သွားရောက်စွန့်ပစ် နေရကြာင်း စည်ပင်ကော်မတီမှ သိရသည်။

မြေနေရာရရှိရန် တနင်္သာတိုင်းဒေ သကြီး အစိုးရအဖွဲ့ကို တင်ပြတောင်းဆို ထားသည်မှာ ၇ လခန့်ရှိပြီးဖြစ်သော် လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြော ပြသည်။

မြိတ်တွင် စည်ပင်သာယာရေးရုံးမှ အမှိုက်သိမ်းယာဉ် ၅ စီးနှင့် ရပ်ကွက် အသီးသီးမှ ပုဂ္ဂလိက အမှိုက်သိမ်းယာဉ် ၁၅ စီး၊ စုစုပေါင်းအမှိုက်သိမ်းယာဉ် ၂၀ စီးဖြင့် နေ့စဉ် ယာဉ်အခေါက်ရေ ၆၅ ခေါက်ဖြင့် အမှိုက်သိမ်းဆည်းနေပြီး တန်ချိန်အားဖြင့် ၈၀ တန် မှ ၉၀ တန် အကြားထွက်ရှိကြောင်း မြို့နယ်စည်ပင် ကော်မတီထံမှ သိရသည်။