နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိ ရေကန်ဘောင်တွင် သားငါးမျိုးစိတ် စစ်တမ်းစကောက်

0
376

မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ မင်္ဂလာကန် တော်(ဒေသအခေါ် ရေကန်ဘောင်) အတွင်းရှိ ငါးမျိုးစိတ်များအား နိုဝင်ဘာလ ၈ ရက်က စတင်စစ်တမ်းကောက်ယူ လျက်ရှိကြောင်း မြိတ်တက္ကသိုလ် သတ္တဗေဒဌာနထံမှ သိရသည်။
လာမည့် နှစ်အတွင်း အဆိုပါ ရေကန်တွင် နှုန်းမြေများ တူးဖော်ပြီး အကြီးစားပြင်ဆင်ရန်ရှိသည့်အတွက် ရေကန်ရေရှည်တည်တံ့နိုင်ရေးနှင့် ရေကန်အတွင်းရှိ ဇီဝမျိုးစုံ၊ မျိုးကွဲများ ဆက်လက်တည်ရှိနေနိုင်ရန် ယင်းသို့ စစ်တမ်းကောက်ရခြင်းဖြစ်ကြောင်း မြိတ်တက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာ ဦးစိုးနိုင်က ပြောသည်။
ဦးစိုးနိုင်သည် ရေကန်ဘောင်ကြီး အား ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေရှည် တည်တံ့နိုင်ရေးအတွက် ဇီဝမျိုးစုံမျိုးကွဲ များအား ဆက်လက်တည်ရှိနိုင်ရန် စာ တမ်းပြုစုခြင်း၊ ကွင်းဆင်းလေ့လာခြင်း နှင့် မှတ်တမ်းတင်ခြင်းများ လုပ်ဆောင် ရန် တာဝန်ယူထားသူတစ်ဦး ဖြစ်သည်။

“ငှက်မျိုးစိတ်က ရေကန်ဘောင်မှာ ရေငှက် ၂၂မျိုး၊ ကုန်းငှက် ၁၇ မျိုးကို မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်”ဟု ဦးစိုးနိုင်က ပြောသည်။
ကျန်ရှိသည့်ငါးမျိုးစိတ်များနှင့် လိပ်မျိုးစိတ်တို့အား စစ်တမ်းကောက်ယူ နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရေကန်ဘောင်သည် ဘေးမဲ့ကန် တစ်ကန်ဖြစ်ပြီး ကန်ပတ်လည်တွင် အရိပ်ရ အပင်ကြီးများနှင့် ကျန်မားရေး အတွက် လမ်းလျှောက်နေကြသည့် နေရာ တစ်ခုဖြစ်သည့်အပြင် ယင်းကန်ဘောင် အား နုန်းများတူးဖော်သည့် အကြီးစား ပြင်ဆင်မှုတစ်ခုကို လာမည့် နှစ်အတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရေကန်ဘောင်အတွင်းရှိ နုန်းများ အား တူးဖော်ပြီး ကန်ပတ်လည်တွင် ကျောက်တန်းစီကာ အများပြည်သူ အ ပန်းဖြေနိုင်သည့် ထိုင်ခုံများ ပြုလုပ် ရန်လျာထားကြောင်း အဆိုပါ ကော်မတီ ထံမှ သိရသည်။
ယင်းအတွက် စေတနာအလှူရှင် များမှ လှူဒါန်းမှုများနှင့် တိုင်းဒေသကြီး အစိုးရမှ ပံ့ပိုးကူညီနိုင်ရန်အတွက် ငွေ သိန်းလေးထောင်ကို တင်ပြတောင်းဆို ထားပြီးဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ရေကန်ဘောင်အား တူးဖော်မည် ဆိုပါက သဘာဝပတ်ဝန်းရှိ ဇီဝမျိုးစုံ /ကွဲတို့အား ရေရှည်ရှိနေနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
အဆိုပါရေကန်ဘောင်သည် ၂၁ ဧကကျော်နှင့် ကန်ပတ်လည်ပတ်လမ်းပေ ၄၀၀၀ ကျော်ရှိကာ ရေအနက် ၁၂ ပေ တူးဖော်ကာ နုန်းမြေဆယ်ယူနိုင်ပါက ရေဂါလံပေါင်း သန်း ၇၀ ကျော်ဝင်ဆံနိုင် မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေး ကော်တီမှ သိရသည်။