မွန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး များကို ဒီဇင်ဘာလအတွင်း ရွေးချယ်မည်

0
476

မွန်ပြည်နယ်တွင် ရပ်/ကျေးအုပ် ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည် ရွေးချယ်ရန် နိုင်ငံတော် သမ္မတရုံးမှ နိုဝင်ဘာလ ၂ ရက်က ညွန်ကြားစာရောက်ရှိထားပြီး နိုဝင်ဘာ လ ၈ရက်တွင် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ညွန်ကြား ချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သမ္မတဦးထင်ကျော် မဖြစ်ခင် ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူး အားလုံးကို ပြန်ရွေးချယ်မယ်။ သူ့သက် တမ်းနောက်ပိုင်း ရွေးချယ်ထားတဲ့ အုပ် ချုပ်ရေးမှူးတွေကိုတော့ ဒီအတိုင်းထား မယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင် ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသစ်တွင် အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် သမ္မတသက်တမ်းအတိုင်း ဖြစ်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည့်အတွက် လက်ရှိ သမ္မတဦးထင်ကျော် သက်တမ်း တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၆၈ ဦးရှိပြီး NLD အစိုးရလက်ထက်တွင် မြေယာကိစ္စ၊ အဂတိ လိုက်စားမှုကိစ္စနှင့် ကျင့်ဝတ်ဖောက် ဖျက်မှုတို့ဖြင့် တိုင်ကြားခံရပြီး တာဝန်မှ ရပ်စဲကာ အရေးယူခံထားရသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၅ ဦးထိ ရှိသည်။
တာဝန်မှ ရပ်စဲကာ အရေးယူခံရ သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၅ ဦး အနက် ၁၀ ဦးကို ပြန်လည်ရွေးချယ် ထားပြီးဖြစ်ကြောင်း ပြည်နယ် ထွေအုပ် ညွန်ကြားရေးမှူး ဦးစိုးမြင့်က ဆက် ပြောသည်။