အပျော်စီးရေဆိုင်ကယ် မောင်းမကန်ကမ်းခြေတွင် တွက်ခြေမကိုက်သေး

0
454

ထားဝယ်ခရိုင်၏ဧည့်သည်လာ ရောက်မှုအများဆုံး ပင်လယ်ကမ်းခြေ ဖြစ်သော မောင်းမကန်ကမ်းခြေတွင် အပျော်စီးရေဆိုင်ကယ်များ စတင်ငှား ရမ်းနေပြီဖြစ်သော်လည်း ငှားစီးသူမရှိ သလောက် နည်းပါးနေကြောင်း ငွေဇင်ယော် အပျော်စီးရေယာဉ်ပိုင်ရှင် ထံမှ သိရသည်။

အပျော်စီးရေဆိုင်ကယ် စတင် ငှားရမ်းသည့် အောက်တိုဘာလနှောင်း မှစ၍ ရက် ၂၀ခန့်အတွင်း တန်ဆောင် တိုင်ပွဲတော်ရက်တွင်သာ ငှားစီးသူ အနည်းငယ်ရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် လာကြည့်သူသာရှိပြီး ငှားစီး သူမရှိ ဖြစ်နေကြောင်း ပိုင်ရှင် ဦးတင်ဦး က ပြောသည်။
“လောလောဆယ်တော့ အလုပ်မ ဖြစ်သေးဘူး”ဟု ဦးတင်ဦးက ပြောသည်။

ရေဆိုင်ကယ် ငှားရမ်းခကို မောင်း မကန်ကမ်းခြေအစအဆုံး(ရေမိုင် တစ် မိုင်ခန့်) အသွားအပြန် ၂ ယောက်စီးလျှင် ၁၅၀၀၀ ကျပ် ကောက်ခံနေပြီး၊ ရေဆိုင် ကယ်နှင့် နောက်တွဲရေပေါ်ဆက်တီပါ ၁ နာရီအတွက် ၈ သောင်းကျပ်ကောက် ခံနေသည်။
ထားဝယ်လူငယ်အချို့ကမူ ယင်းသို့ ရေဆိုင်ကယ်ငှားရမ်းနေသည်ကို မသိဟု ပြောကြသည်။
လူသိများစေရန် ပိုမိုကျယ်ပြန့်စွာ ကြော်ငြာသင့်ပြီး ငှားရမ်းခ ကိုလည်း တတ်နိုင်သမျှ လျှော့ချပေးစေလိုကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။