ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှု တနင်္သာရီ အဆင့် ၅

0
587

မြန်မာတစ်နိုင်ငံလုံးတွင် တနင်္သာရီ တိုင်းသည် ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားမှုအဆင့် ၅ နေရာတွင် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး/ကုသရေး ဦးစီးဌာနထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် ယခုနှစ် ဇန် နဝါရီလမှ ဇွန်လအထိ ရောဂါဖြစ်ပွားသူ ၇ ဦးရှိပြီး သံသယလူနာ ၂၆ ဦး ရှိခဲ့ ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေး/ကုသရေးဦးစီးဌာန စာရင်းအရ သိရသည်။

ရန်ကုန်တိုင်းတွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ၄၅ ဦး၊ ဧရာဝတီ တိုင်းတွင် ၃၉ ဦး၊ ပဲခူးတိုင်းတွင် ၂၀ ဦး၊ ကရင်ပြည်နယ်တွင် ၁၇ ဦးနှင့် တနင်္သာရီတိုင်းတွင် ၇ ဦး ရှိသည်။
နေပြည်တော်၊ ချင်း၊ ကချင်၊ ကယားနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရောဂါဖြစ်ပွားသူ မရှိကြောင်း သိရသည်။
အဆိုပါရောဂါမှာ ဝက်များ၊ ရေ ကမ်းစပ်တွင် နေထိုင်ကျက်စားသည့် ငှက်များ၏ ခန္ဓာကိုယ်အတွင်း လှည့် ပတ်ကူးစက်လေ့ရှိပြီး အဆိုပါ တိရစ္ဆာန် များကို ကိုက်သည့် ခြင်မှတစ်ဆင့် လူကို ကူးစက်ကြောင်း သိရသည်။

“လယ်စိုက်ပြီး ဝက်မွေးတဲ့နေရာ တွေမှာ အဖြစ်များတယ်၊ နေဝင်ချိန်က နေစပြီး ညဘက်ကိုက်တဲ့ခြင်တွေကနေ ကူးစက်တာပါ”ဟု ပြည်သူ့ ကျန်းမာ ရေး/ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ပြောသည်။
ဂျပန်ဦးနှောက်ရောင် ရောဂါပိုး သယ်ဆောင်သည့် ခြင်အမျိုးအစားမှာ လယ်ကွင်းထဲတွင် ရှင်သန်ပေါက်ဖွားပြီး ရောဂါကူးစက်မှု မရှိစေရန် ခြင်ကိုက် မခံရအောင် နေထိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ၏ လက္ခဏာများမှာ ရုတ်တရက် အပြင်း ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အော့အန်ခြင်း အစရှိသည့် လက္ခဏာများဖြစ်ပြီး သတိ လစ် မေ့မြောခြင်း၊ အကြောသေခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင်ကြောင်း တိုင်း ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနထံမှသိရသည်။
ရောဂါဖြစ်ပွားပါက ၃၀ ရာခိုင် နှုန်း အထိ သေဆုံးနိုင်ပြီး အသက်ရှင် ပါကလည်း ကိုယ်လက်မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏတက်ခြင်း အစရှိသည့် ချို့ယွင်းထိခိုက်မှု ၃၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်ပွားနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။