အလုပ်အကိုင် နိုင်ငံကူး လက်မှတ်လုပ်ရန် အလုပ်ခေါ်စာ မလိုတော့

0
1264

အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (Passport for Job) ပြုလုပ်ရန်အတွက် အောက်တိုဘာလ ၁၆ ရက်မှစကာ အလုပ်ခေါ်စာ တင်ပြရန် မလိုတော့ ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနက ထုတ်ပြန်ထားသည်။
ယခင်က သွားရောက် အလုပ်လုပ် ကိုင်မည့် နိုင်ငံမှ အလုပ်ခေါ်စာ လိုအပ်ပြီး လက်ရှိအချိန်တွင် ပြည်ပအလုပ်သမား မှတ်ပုံတင် ကတ်ပြား အလလခ(ပုံစံ-၂) တစ်ခုနှင့် မှတ်ပုံတင် မူရင်း၊ အိမ်ထောင် စုစာရင်းမူရင်းတို့သာ လိုအပ်တော့ ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးအဖွဲ့ရုံးခွဲ (ထားဝယ်)မှ ရဲအုပ် ဝင်းသက်အောင်က ဆိုသည်။

“အခုက အလုပ်ခေါ်စာ မလိုတော့ ဘူး၊ အရင်က တစ်ဖက်နိုင်ငံကုမ္ပဏီက အလုပ်ခေါ်စာ လိုအပ်တယ်”ဟု ရဲအုပ် ဝင်းသက်အောင်က ပြောသည်။
မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေး အဖွဲ့ရုံးခွဲ (ထားဝယ်)တွင် အလည်အပတ်၊ သင်္ဘောသား၊ စီးပွား ရေး၊ ပညာရေး၊ အလုပ်နိုင်ငံကူးလက်မှတ် အစရှိသည့် အမျိုးအစား ၇ မျိုး ထုတ် ပေးနေသည်။

အလုပ်အကိုင် နိုင်ငံကူးလက်မှတ် တစ်ခုကိုသာ ဖြေလျော့မှု လုပ်ဆောင်ခြင်း ဖြစ်ပြီး ကျန်သည့် နိုင်ငံကူး လက်မှတ် များ လုပ်ဆောင်ရာတွင်မူ ယခင်သတ် မှတ်ထားသည့် အချက်အလက်များ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခင်က ပြည်ပနိုင်ငံများတွင် အလည်အပတ်နိုင်ငံကူး လက်မှတ် (PV)ဖြင့် သွားရောက် အလုပ်လုပ်ကြ သည့် အလုပ်သမားများ နိုင်ငံကူးလက် မှတ် သက်တမ်းတိုးရာတွင် အခက်အခဲ ကြုံတွေ့နိုင်ခြင်း၊ လူပွဲစားများက ကုန် ကျငွေထက် ပိုမိုတောင်းခံနေခြင်း အစရှိ သည့်အချက်များကြောင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ အလုပ် အကိုင် နိုင်ငံကူးလက်မှတ်များ စတင် ထုတ်ပေးခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနထံမှ သိရသည်။