ကော့သောင်းနယ်စပ်ဂိတ်မှ ပို့ကုန် တင်ပို့မှု ဒေါ်လာသန်း ၂၀ ကျော် ပိုရ

0
460

ယခု ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ကော့သောင်းဒေသမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း နှစ်ဆယ် ကျော် ပိုရခဲ့ကြောင်း ကုန်သွယ်ရေးဦးစီး ဌာန(ကော့သောင်း) ထံမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာ ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ သန်း ၂၀ ခန့်ရရှိခဲ့ပြီး ယခုနှစ် ကာလတူတွင် အမေရိကန် ဒေါ်လာ ၄၂ သန်းကျော် ရရှိခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဖေကြိုင်က ပြောသည်။
ယင်းသို့ ပို့ကုန်တန်ဖိုးမြင့်တက်လာခြင်းမှာ ပို့ကုန်များအပေါ် ဖြေ လျှော့မှုများကြောင့် ဖြစ်ကြောင်း ဦးဖေကြိုင်က ဆိုသည်။

“ဒီနှစ်တွေမှာ ကုန်သွယ်မှု အတော်များများကို ဖြေလျှော့ ပေးလိုက် တယ်၊ အရင်ကဆို ကန့်သတ် ကုန်တွေ များတယ်၊ အဓိက ရှေးဟောင်း ပစ္စည်း၊ ဆင်စွယ်၊ ရတနာ၊ ရွှေစင် စတဲ့အရာ တွေကလွဲပြီး အတော်များများ ပို့လို့ ရတယ်”ဟု ၎င်းက ဆိုသည်။
ကော့သောင်းဒေသမှ ထိုင်းနိုင်ငံသို့ ငါးမျိုးစုံ၊ ကင်းမွန်၊ ပုစွန်၊ ကဏန်း၊ ရေဘဝဲ၊ ပင်လယ်ငါးရှဥ့်၊ ရော်ဘာစိမ်း (RSS-၃) ၊ သတ္တုနှင့် သတ္တုရိုင်းများ၊ ဆီအုန်းကြိတ်ဖတ် ကုန်ကြမ်းများနှင့် အုန်းသီး စသည်တို့ကို အများဆုံး တင်ပို့ ကြောင်း ကုန်သွယ်ရေးဦးစီးဌာန(ကော့ သောင်း)ထံမှ သိရသည်။