ဆေးခန်းမှ ဆိုင်ကယ်ခိုးယူသူ နှစ်ဦး ဖမ်းမိ

0
617

မြိတ်မြို့ ဈေးတန်းရပ်ရှိ ရွှေသရဖူ အထူးကုဆေးခန်းတွင် ပျောက်ဆုံးနေ သည့် ဆိုင်ကယ်အား ခိုးယူသည်ဟု ယူဆရသူ အမျိုးသားနှစ်ဦးအား နိုဝင် ဘာလ ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

ရွှေသရဖူဆေးခန်းတွင် နိုဝင်ဘာလ ၂ ရက်က မော်တော်ဆိုင် ကယ်တစ်စီး ပျောက်ဆုံးခဲ့ကြောင်း ယင်းဆေးခန်းမှ သိရသည်။
ယင်းကဲ့သို့ ပျောက်ဆုံးခဲ့ပြီး ရက် ပိုင်းခန့်အကြာတွင် မြိတ်တောင်နယ်မြေရှိ ရပ်ကွက်တစ်ခုတွင် ဆိုင်ကယ်တစ်စီး အား အထောက်အထား မပြည့်စုံဘဲ လိုက်လံရောင်းချနေသည်ကို သတင်းရ ရှိခဲ့ပြီး သွားရောက်စစ်ဆေးရာမှ ဆေး ခန်းမှ ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်သည် ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲစခန်း ထံမှ သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးမှာ အသက် ၁၉ နှစ်နှင့် ၂၃ နှစ်နှစ်အရွယ်ရှိ ပြီး ၎င်းတို့ကို မြိတ်မြို့မ ရဲစခန်းက (ပ) ၂၅၀၅/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။
မြိတ်တွင် ဆိုင်ကယ်ပျောက်ဆုံး မှုများ မကြာမကြာ ဖြစ်ပေါ်လျက်ရှိ ကြောင်း မြို့ခံအချို့က ပြောဆိုသည်။