တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် သုံးဦး အစားထိုးပြောင်းလဲ

0
353

တနင်္သာရီတိုင်းဒေသကြီးလွှတ် တော်တွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် သုံးဦးကို အစားထိုး ပြောင်းလဲလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ခဲ့သည်။
ယခင် အစိုးရလက်ထက်နှင့် လက်ရှိအစိုးရ၏ ပထမနှစ် သက်တမ်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူး ကြီးဇော်လွင် အပါအဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃ဦးကို အစားထိုးပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော် အပါအဝင် တစ်နိုင်ငံလုံးရှိ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အားလုံးနီးပါးတွင် တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၃၀ ဦးကို အစားထိုး ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က အမည်စာရင်း တင်သွင်းထား သည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ၃၀ဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း အကြောင်းကြား ချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းသို့ အစားထိုး ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အစားထိုးပြောင်းလဲလိုက်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ
ယခင် ယခု
(၁) ဗိုလ်မှူးကြီးဇော်လွင် ဗိုလ်မှူးကြီးမြင့်ဆွေ

(၂) ဗိုလ်မှူးထွန်းထွန်းဦး ဗိုလ်ကြီးဝေမိုးနောင်

(၃) ဗိုလ်မှူးကျော်ရဲမြင့် ဗိုလ်မှူးဝင်းအောင်သန်း