ကွန်ကရစ်ခံနိုင်အား စစ်ဆေးသည့်စက် မည်သူမဆို လာစစ်နိုင်

0
406

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က ဝယ်ယူထားသည့် ကွန်က ရစ် အရည်အသွေးခံနိုင်အား စစ်ဆေး သည့်စက်တွင် ကွန်ကရစ်အရည်အသွေး ပြည့်၊မပြည့် စမ်းသပ်လိုက မည်သူမဆို လာရောက်စမ်းသပ်နိုင်ကြောင်း ထား ဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။

တည်ဆောက်ခဲ့သည့် လမ်း၊ တံ တားနှင့် အဆောက်အအုံများတွင် ကွန် ကရစ် အရည်အသွေး ပြည့်၊ မပြည့်ကို သိရှိလိုပါက စည်ပင်အဖွဲ့ပိုင် အိန္ဒိယနိုင်ငံ ထုတ် ဟိုက်ဒေါလစ်စနစ်သုံး အရည် အသွေးခံနိုင်အား စစ်ဆေးသည့်စက်ဖြင့် စမ်းသပ်ပေးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်မှ အမှုဆောင်အရာရှိက ပြောသည်။

“တခြားပုဂ္ဂလိက၊ အဖွဲ့အစည်း တွေက စမ်းချင်ရင် စည်ပင်ကို ဆက် သွယ်နိုင်တယ်”ဟု မြို့နယ်စည်ပင်မှ အမှုဆောင်အရာရှိက ပြောသည်။
ယင်းကဲ့သို့ စမ်းသပ်စစ်ဆေးခြင်း အတွက် အခငွေကြေး ယူ၊ မယူကိုမူ အတိ အကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

စမ်းသပ်ရန် နမူနာအဖြစ် ၄ လက်မပတ်လည်(သို့) ၈ လက်မ ပတ် လည် ကွန်ကရစ်တုံးများကို စမ်း သပ်ပေးမည်ဖြစ်ကြောင်း သိရသည်။