သီတဂူ မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်မှုအတွက် စာရင်းပေးသွင်းနိုင်ပြီ

0
444

ထားဝယ်မြို့သီတဂူ အာရောဂျဒါန ဆေးရုံတော်၏ ၁၂ ကြိမ်မြောက် ကျန်းမာရေးအလှူအဖြစ် မျက်စိဝေဒ နာရှင်များအား ယခုလအတွင်း အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမှု ပြုလုပ်မည် ဖြစ်ရာ စတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သီတဂူအကျိုးတော်ဆောင် အဖွဲ့ထံမှ သိရသည်။

သမားတော်ကြီး ဒေါက်တာ မြအောင် ဦးဆောင်သည့် ဆရာဝန်အဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်မှ ၂၈ ရက်ထိ မျက်စိ စမ်းသပ် ခွဲစိတ်ကုသပေးသွား မည်ဖြစ် သည်။
“(မျက်စိ)လူနာ ၃၀၀ ခွဲနိုင်အောင် စီစဉ်ထားတယ်။ နယ်စွန်နယ်ဖျားက လူနာတွေပါသိအောင် လူမှုရေးအဖွဲ့ အစည်းတွေက ကြော်ငြာပေးစေချင် ပါတယ်”ဟု အကျိုးဆောင်တစ်ဦး ဖြစ်သူ ဦးဇော်လင်းက ပြောသည်။

အခမဲ့ကုသလိုသည့် မျက်စိဝေဒနာ ရှင်များအနေဖြင့် ကိုယ်တိုင်သော်လည်း ကောင်း၊ မိသားစုဝင်တစ်ဦးဦးသော် လည်းကောင်း ဘုမ္မော်ရပ်ကွက်၊ မိုး ကုတ်ဝိပဿနာ ဓမ္မရိပ်သာအတွင်းရှိ သီတဂူ အာရောဂျဒါန ဆေးရုံတော် ရုံးခန်းတွင် ကြိုတင်စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။
ဘာသာ လူမျိုးမရွေး လာရောက် ကုသနိုင်ပြီး ယခင်က ပါဝါမျက်မှန် လှူဒါန်းခဲ့ဖူးသော်လည်း ယခုအကြိမ် တွင်မူ မျက်မှန်လှူဒါန်းခြင်း အစီအစဉ် မရှိကြောင်း သိရသည်။