ချောင်းရေ သောက်မိသည့် လမ်းခင်းအလုပ်သမား ၁၄ ဦး အစာ အဆိပ်သင့်

0
518

ပုလောမြို့နယ် သဲပုံကျေးရွာတွင် နိုဝင်ဘာလ ၃ရက်က လမ်းခင်း အလုပ်သမား ၁၄ ဦး ချောင်းရေသောက် မိ၍ အစာအဆိပ်သင့်ပြီး မြိတ်ဆေးရုံ ကြီးတွင် ဆေးဝါးကုသမှုခံယူ နေရ ကြောင်း အလုပ်သမားများနှင့် ဆေးရုံကြီး မှ သိရသည်။
သဲပုံကျေးရွာ တံတားအောက်ရှိ ချောင်းရေကို ပြီးခဲ့ရက်ပိုင်းကတည်း သောက်သုံးနေကြပြီး နိုဝင်ဘာလ ၃ ရက်က နေ့ခင်းဘက် ထမင်းစားပြီး အလုပ်ပြန်ဆင်းချိန်တွင် ချောင်းရေများ ကို သောက်သုံးမိရာမှ ယခုကဲ့သို့ အစာအဆိပ်သင့်ခြင်းဖြစ်ကြောင်း လမ်းခင်းအလုပ်သမားများက ပြောပြ သည်။

“ရေကိုသောက်ပြီး မျက်စိဝေ့ (မူးဝေ) ဗိုက်အောင့် ပျို့အန်တာတွေ ဖြစ်ခဲ့တာပါ”ဟု လမ်းခင်းအလုပ်သမ ဒေါ်မာမာဦးက ပြောသည်။
အဆိုပါ အလုပ်သမားများသည် မြိတ်မြို့နယ် မဆွပ်ကျေးရွာတွင် နေထိုင် သူများ ဖြစ်သည်။
“ကျွန်တော်ပြန်လာတဲ့အချိန်ဆိုရင် ရေသောက်ပြီး နှစ်ယောက်သုံးယောက် အန်နေတာ တွေ့ရတယ်”ဟု လမ်းကန် ထရိုက် ဦးအောင်ကြိုင်က ပြောသည်။
ပိုးမွှားများ ပါနေနိုင်သည့်အတွက် ယခုကဲ့သို့ လမ်းတွင် ကြုံရာရေကို မသောက်ဘဲ အလုပ်ရှင်ဘက်ကရော အလုပ်သမားဘက်ကပါ သောက်သုံး ရေကို အလုံအလောက် ဆောင်ထား သင့်ကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦးက အကြံ ပြုသည်။

အဆိုပါ အလုပ်သမား ၁၄ ဦးတွင် အသက် ၁၅ နှစ်ရှိ ယောက်ျလေး ၂ ဦး၊ မိန်းကလေး ၁ ဦး၊ အသက် ၁၇ နှစ်ရှိ မိန်းကလေး ၄ ဦးနှင့် အသက် ၂၁ နှစ်မှ ၃၇ နှစ်အထိ အမျိုးသမီး ၇ ဦးတို့ပါဝင်ကြောင်း ယင်းဆေးရုံမှ သိရ သည်။
လက်ရှိတွင် အစာအဆိပ်သင့်သူ အားလုံး နိုဝင်ဘာလ ၄ရက်နေ့ နေ လယ်ပိုင်းတွင် ကျန်းမာရေးကောင်းမွန် နေပြီဖြစ်ကြောင်း မြိတ်ပြည်သူ့ဆေး ရုံကြီးမှ သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၃ ရက်က မြိတ်မြို့မှ အသက် ၃၀ ရှိ အမျိုးသား တစ်ဦးမှ ရှပ်(ခရု)နှင့် ဝါးပလုတ် တွဲစားမိပြီး အစာအဆိပ်သင့်ကာ ဆေးရုံ တွင် ဆေးဝါးကုသမှုခံယူနေကြောင်း ယင်းဆေးရုံမှ သိရသည်။