စုံတွဲကို ဓားထောက်လုယက်သူများအား အသွင်ယူဖမ်း

0
775

ထားဝယ်မြို့ ကျန်းမာရေးလမ်းတွင် စုံတွဲထံမှ ဓားထောက်လုယက်သူများကို အောက်တိုဘာလ ၂၈ရက်ညက အသွင် ယူကာ ဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့ မရဲစခန်းထံမှ သိရသည်။
ထားဝယ်မြို့ ကျန်းမာရေးလမ်း ရထားသံလမ်းအနီးတွင် အောက်တိုဘလ ၂၃ ရက် ည ၉နာရီခန့်က စုံတွဲတစ်တွဲ ထံမှ အမည်မသိ လူ ၃ဦးက ဓားဖြင့် ထောက်ကာ ဖုန်းနှင့် ဆိုင်ကယ်သော့ကို လုယက်ပြီး ဆိုင်ကယ်နောက်ဖုံးအတွင်းရှိ ရွှေထည်ပစ္စည်းများ ယူဆောင်ကာ ဆိုင် ကယ်အား လမ်းဘေးရှိ ရေမြောင်း အတွင်းသို့ တွန်းချထားခဲ့သည်။

ထိုလုယက်သူများကို ဖမ်းဆီးရန် အောက်တိုဘာလ ၂၈ရက်ညက ရဲတပ် ဖွဲ့ဝင်များက မီးရထားသံလမ်းအနီး အ သွင်ယူပြီး စောင့်နေစဉ် လူ ၃ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး မီး ရထားသံလမ်းဘေးရှိ ဂိတ်တဲအတွင်းဝင် ရောက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ လူ ၃ဦးထဲမှ ၁ဦးက အသွင်ယူထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထံမှ ဆိုင်ကယ်သော့ကို လာတောင်းရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ဆိုင်ကယ်သော့တောင်း သူအား ဖမ်းဆီးနေစဉ် ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နောက် ပိုင်းတွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း ရဲ မှတ်တမ်းအရ သိရသည်။
“သက်သေခံဓားနဲ့ ဖုန်းတော့ပြန် ရပါပြီ၊ ရွှေထည်ပစ္စည်းကိုတော့ ပြန်ရဖို့ စစ်ဆေးနေတုန်းပါပဲ”ဟု ထားဝယ်မြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ကြက်စားပြင်ရပ်ကွက်နေ လုယက် သူ အမျိုးသား ၃ ဦးနှင့်အတူ ၎င်းတို့အား လိုက်ပို့ပေးခဲ့သည့် ဆိုင်ကယ်ကယ်ရီ မောင်းသူကိုပါ ဖမ်းမိခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

စုံတွဲထံမှ ဓားထောက်လုယက်သည့် အသက် ၂၁ နှစ်၊ ၃၅ နှစ်၊ ၂၃ နှစ်အရွယ်ရှိ အမျိုးသား ၃ ဦးနှင့် အသက်၃၄ နှစ်အ ရွယ် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတို့ ကို ရာဇသတ်ကြီးပုဒ်မ-၃၈၂ ဖြင့် ထား ဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
အဆိုပါ ပုဒ်မကို ကျူးလွန်ဖောက် ဖျက်ပါက အလုပ်ကြမ်းနှင့် ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ် ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇ သတ်ကြီးဥပဒေတွင် ဖော်ပြထားသည်။