တနင်္သာရီတွင် စက်လှေနှစ်စီး တိုက်မိ၊ ကလေးငယ်တစ်ဦး သေဆုံး

0
453

တနင်္သာရီမြို့နယ်သာရဘွင် ကျေးရွာ ရှိ တနင်္သာရီမြစ်အတွင်း နိုဝင်ဘာလ ၃ ရက် နံနက်က စက်လှေနှစ်စီး တိုက်မိ ကာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ ကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။

နံနက် ၁၀နာရီအချိန်ခန့်က သာရ ဘွင်ကျေးရွာလှေဆိပ်အနီးတွင် သင်္ဘော ဦးရွာသို့ သွားရန်ထွက်ခွာသည့် ရေယာဉ် သည် ရေပူရွာသို့ပြန်သည့်လှေ၏ ဦးခေါင်းပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

ယင်းကဲ့သို့ တိုက်မိရာမှ ဟွန်ဒါ စက်တပ်လှေပေါ်ပါ အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးမှာ ပြင်း ထန် ဒဏ်ရာများရရှိပြီး အသက် ၃ နှစ် အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးမှာ သေဆုံးခဲ့ရကြောင်း မြို့မရဲစခန်း၏မှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တကူနယ်မြေရဲစခန်းတွင် အမှုဖွင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။