မွန်တွင် ၇ လအတွင်း ဓာတ်သတ္တု လုပ်ငန်းလိုင်စင် ၆၄ ခုချထား

0
463

မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလကုန် ထိ ဓာတ်သတ္တုလုပ်ငန်းလိုင်စင် ၆၄ ခု ချပေးထားပြီးဖြစ်သည်ဟု မွန်ပြည် နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ဓာတ်သတ္တုလုပ်ငန်းလိုင်စင်လျှောက်ထားသူပိုများလာပြီး ခွင့်ပြုချက်ပေးရန် စိစစ်ဆဲလုပ် ငန်း ၇၀ ကျော်ရှိကြောင်း မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးမြင့်က နိုဝင်ဘာ ၁ ရက်က ပြောသည်။

“အခုလည်းတင်နေဆဲပဲ၊ သတ္တု လိုင်စင် လျှောက်ထားတဲ့အမှုတွဲ ၇၀ ကျော် ကျန်နေသေးတယ် စိစစ်ဆဲပဲ၊ အထူးသဖြင့်တော့ ကျောက်တွေပေါ့နော်။ ကျောက် ထုတ်လုပ်ခွင့် ပိုများလာတယ် အစိုးရက ပိုခွင့်ပြုလာတယ်”ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြောသည်။
ယခင်ဘဏ္ဍာနှစ်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စည်းကြပ် ကောက်ခံ သည့် အခွန်များအနက် ယစ်မျိုးခွန် အများဆုံးကောက်ခံရရှိပြီး ယခုနှစ်တွင် ဓာတ်သတ္တုခွန်ပိုများမည်ဟု ခန့်မှန်း ထားကြောင်း ၎င်းက ဆက်ပြောသည်။

ဓာတ်သတ္တုလိုင်စင် လျှောက်ရ သည့် လုပ်ငန်းများသည် မြစ်သဲကျောက် လုပ်ငန်း၊ ဂဝံကျောက်ထုတ်လုပ်မှုလုပ် ငန်း၊ ထုံးကျောက်ထုတ်လုပ်မှုလုပ်ငန်း၊ လမ်းခင်းကျောက် ထုတ်လုပ်မှု လုပ်ငန်း အစရှိသည့် လုပ်ငန်းများ ပါဝင်သည်ဟု ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ဓာတ်သတ္တုလိုင်စင်အသစ် လျှောက်ထား သည့်လုပ်ငန်းနှင့် ဓာတ်သတ္တုလိုင်စင် သက်တမ်းတိုးသည့် လုပ်ငန်း ၁၀၀ ကျော် ခွင့်ပြုပေးခဲ့သည်ဟု ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စည်း ကြပ်ကောက်ခံသည့် ယစ်မျိုးခွန် ကျပ် သိန်း ၈၀၀၀ ကျော်၊မြေယာခွန် ကျပ် သိန်း ၁၁၀၀ ကျော်၊ တာတမံခွန်ကျပ် ၇ သိန်းကျော်နှင့် ဓာတ်သတ္တုခွန် ကျပ် သိန်း ၆၈၀၀ ကျော်တို့ ရရှိခဲ့သည်။