ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်

0
476

ထိုင်းနယ်စပ်သို့ ချိတ်ဆက်ထား သော ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာအုပ်စုနှင့် ၀ကုန်းကျေးရွာ အုပ်စုကြား တစ်နေရာတွင် ခရီးသည် တင်ကား တစ်စီးတိမ်း မှောက်ခဲ့ပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

ထားဝယ်ထီးခီးလမ်းပိုင်းရှိ ဘဲ့မ တတ်တောင်ကုန်း မိုင်တိုင်အမှတ် ၁၉/ ၃ မိုင်နှင့် ၁၉ / ၄ မိုင်အကြားတွင် အောက်တိုဘာလ ၃၁ရက်နေ့ မွန်းလွဲနှစ် နာရီခွဲခန့်က ဖောင်းတောကျေးရွာမှ ထွက်လာသည့် ခရီးသည်တင် ကား တိမ်းမှောက်ခဲ့ ခြင်းဖြစ်ကြောင်း လူနာ များကို သွားရောက်ကူညီခဲ့သည့် အရေး ပေါ်လူနာတင် ယာဉ်အဖွဲ့များနှင့် သက် ဆိုင်ရာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များထံမှ သိရသည်။

တိမ်းမှောက်ခဲ့သည့်ကားမှာFUSO Fighter ကားအမျိုးအစားဖြစ် ပြီး ယာဉ်မောင်းဖြစ်သူ အပါအဝင် ကားပေါ်လိုက်ပါလာသူ ၁၁ ဦးစလုံး ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူများကို ဇမ္ဗူသီရိ၊ မှိုင်း ပကာရီနှင့် ဇမ္ဗူရတနာ အရေးပေါ် လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့များက သွား ရောက်ကူညီသယ်ဆောင်ခဲ့ကြောင်း သိရသည်။