ဖမ်းဆီး ထိန်းသိမ်းခံရသူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ ဖွဲ့မည်

0
404

ပြစ်မှုများကြောင့် ဖမ်းဆီးထိန်း သိမ်းခံရသူများ ခုခံချေပနိုင်ရေးအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များကို နိုဝင်ဘာလအတွင်း တိုင်း အဆင့်အပြင် မြို့နယ်များတွင်ပါ ဖွဲ့စည်း မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။
ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးချိန်မှစ၍ တရားရုံးတင်ခြင်းနှင့် အကျဉ်းစခန်းများ ရောက်သည့်အချိန်ထိ သက်သာခွင့်နှင့် ခုခံချေပနိုင်ရေးအတွက် ယင်းအဖွဲ့က ဥပဒေနှင့်အညီ ကူညီပေးသွားမည် ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူးက ဆိုသည်။

အဆိုပါအဖွဲ့တွင် ဥပဒေပညာရှင်၊ ရှေ့နေ၊ တိုင်းတရားလွှတ်တော်၊ တိုင်း ဥပဒေချုပ်ရုံးအစရှိသည့် ဌာနများမှ ပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ပြီး တိုင်းဒေသ ကြီးအစိုးရနှင့် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်တို့က ညှိနှိုင်းဖွဲ့စည်း မည်ဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်၊ မသန်စွမ်း၊ အမျိုး သမီးနှင့် ရောဂါခံစားနေရသူ အစရှိ သူများကို ဦးစားပေး ကူညီသွားမည် ဖြစ်ပြီး နိုင်ငံသားများ သာမက နိုင်ငံ ခြားသားများကိုပါ ကူညီသွားမည် ဖြစ် ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်ပိုက်ပိုက်အေးက ဆိုသည်။

“ပြစ်ဒဏ်ချမှတ်ခံရပြီးလည်း အယူခံ၊ ပြင်ဆင်မှုတင်တာတွေပါ ကူ ညီပြီး လိုက်ပေးမှာပါ”ဟု ဒေါ်ပိုက်ပိုက် အေးက ပြောသည်။
အထက်ပါအဖွဲ့က ခုခံချေပနိုင်ရေး နှင့် သက်သာခွင့်များအတွက် သာမက ပြစ်မှုဆိုင်ရာ ပညာပေးလုပ်ငန်းများကို လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဥပဒေအထောက်အကူ ပေးရေးအဖွဲ့များ ဖွဲ့စည်းမည်ဆိုက ပြည်သူများအတွက် ပိုကောင်းလာမည် ဖြစ်သော်လည်း အလုပ်လုပ်ရန် လိုအပ် ကြောင်း ထားဝယ်မြို့ခံ တစ်ဦးဖြစ်သူ ကိုဟိန်းအာကာက ပြောသည်။
“ပြည်သူတွေ များများသိအောင် လည်း ကြေညာပေးဖို့ လိုတယ်၊ ဒါမှ လည်း အကူအညီတောင်းခံနိုင်မယ်လို့ ထင်တယ်”ဟု ကိုဟိန်းအာကာက ဆိုသည်။

ဌာနဆိုင်ရာလုပ်ငန်းများ ကြန့် ကြာနေမှုကို တိုင်ကြားနိုင်ရန် တိုင်း ဒေသကြီး တရားဥပဒေ စိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ခွဲကိုလည်း ၂၀၁၇ ခုနှစ် မေလက ဖွဲ့စည်းထားခဲ့သည်။