မယ့်သမီးခီး စက်မှုဇုန်ကိစ္စ လာမည့်တိုင်းလွှတ်တော် အစည်းအဝေးတွင် တင်မည်

0
375

မယ့်သမီးခီး စက်မှုဇုန်ကိစ္စကို အနီးစပ်ဆုံးကျင်းပမည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
အဆိုပါ စက်မှုဇုန်နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ အစည်းအဝေးတွင် ကန့်ကွက်ရန်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကာ အနီးစပ်ဆုံး လွှတ်တော်အစည်း အဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ် ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

KNU (ကရင်အမျိုးသားအစည်း အရုံး)က ထားဝယ်မြို့နယ် ထီးခီး ဒေသရှိ မြေဧက ၆၆၇၆ ဧကပေါ်တွင် အထွေထွေစက်မှု ကုန်ထုတ်လုပ်ငန်းဇုန်၊ အကောက်ခွန် အာမခံ ကုန်လှောင်ရုံဇုန် နှင့် စက်မှုအခြေခံမြို့တော်ဇုန် စသည့် လုပ်ငန်း ၃ ခုပါဝင်သည့် စက်မှုဇုန်တစ်ခု ဖော်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက် နေခြင်း ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်မှ ဆုံးဖြတ်ပြီးပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ထံ ထပ်တင် ရမည်ဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။

ထို့နောက်တွင် အပြီးသတ် ခွင့်ပြု ချက်ရသည့်အထိ လုပ်ငန်းစဉ် အဆင့် များကို ထပ်မံ လုပ်ဆောင်ရဦးမည် ဖြစ်သည်။
“ပိုက်ဆံဂိတ် ကောက်နေတာထက် စာရင် စက်ရုံတွေ လုပ်ငန်းဆိုတာက များလာလေ ကောင်းလေပဲ၊ တိုင်းရင်း သားတွေ အလုပ်ရ မှာပေါ့၊ ဟိုဘက်ခြမ်း က ပြန်လာမယ့်သူတွေရှိတယ်၊ ဒုက္ခ သည်စခန်းက လာမယ့်သူတွေ ရှိတယ်၊ အလုပ်မရှိရင် သူတို့လည်း ပြန်သွားမှာ ပေါ့”ဟု ဝန်ကြီးဦးဖြိုးဝင်းထွန်းက ဆိုသည်။
မယ့်သမီးခီးစက်မှုဇုန်ဖော်ဆောင်မည့် Mae Tha Mee Khee Region Industrial ကုမ္ပဏီမှာ တပ်မဟာ ၄ KNU (မြိတ်-ထားဝယ်ခရိုင်)၏ စီးပွားရေး လုပ်ဆောင်ပေးနေသည့်Noble prince ကုမ္ပဏီနှင့် KNU ကိုယ်စား ပြုကုမ္ပဏီ တစ်ခုဖြစ်သည့်Sun and Rainbow ကုမ္ပဏီပေါင်းထားခြင်း ဖြစ်သည်။

“စီမံကိန်းကို ခွင့်ပြုပါတယ် ဆိုတဲ့ ဟာ ကျဖို့အတွက်တော့ ၈၀ ရာခိုင်နှုန်း လောက် ပြီးသွားပြီပေါ့။ ဒါကို အကောင် အထည်ဖော်ဖို့ ဆိုတာက ခွင့်ပြုပြီးမှ ဆက်သွားရမယ့် အခြေအနေလေ” ဟုSun and Rainbow ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဦးရဲမြင့်က ပြောသည်။
ယင်းစက်မှုဇုန် စီမံကိန်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ကို အထောက်အကူပြုနိုင်မည့် အသေး စား၊ အလတ်စား စက်ရုံများဖြင့် တည် ဆောက်သွားမည်ဖြစ်ပြီး ဖိနပ်စက်ရုံ နှင့် အထည်ချုပ်စက်ရုံကဲ့သို့ အလုပ် သမား အရေအတွက် အသုံးပြုရမှုများ သည့် စက်ရုံများ တည်ထောင် ရန်ရှိ ကြောင်း ဦးရဲမြင့်က ဆိုသည်