ကျေးရွာချင်းဆက်လမ်းပြင်ပေးပါ

0
1480

သရက်ချောင်းမြို့နယ်၊ မြန်မာ ပအော့ကျေးရွာအုပ်စု ပအော့အရှေ့ ကျေးရွာနှင့် ပအော့အနောက်ကျေး ရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာ ချင်းဆက် မြေသားလမ်းများ၊ ယခု အခါ ရွံ့ဗွက်များ၊ ချိုင့်ခွက်များဖြစ်ပေါ်ကာ လမ်းပျက်စီးနေပါသည်။

ယင်းသို့ ပျက်စီးနေခြင်းကြောင့် ဖြတ်သန်းသွားလာလျက်ရှိသည့် ဒေသခံ ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ မော်တော်ကား၊ ထော်လာဂျီများ သွားလာရာ၌ အခက်အခဲများနှင့် ကြုံ တွေ့နေကြရသည်။

အဆိုပါ လမ်းများသည် ကျေးရွာ ပေါင်း ၆ ရွာသို့ ဆက်သွယ်ထားပြီး ၁၀ မိုင် ၇ ဖာလုံအရှည် ရှိသည်။
အိမ်ခြေ ၆၀၀ကျော်၊ လူဦးရေ ၃၀၀၀ ဦး၊ (ထက်-လယ်-မူ) စာသင် ကျောင်း ၆ ကျောင်း၊ ကျောင်းသားဦးရေ ၉၂၀၊ ဘုန်းကြီး ကျောင်း ၆ ကျောင်းတို့ အားထား သွားလာရာလည်း ဖြစ်ပါသည်။

ဒေသထွက်ပစ္စည်းဖြစ်သော အုန်း သား၊ ကွမ်းသီးခြောက်၊ ပုစွန်၊ ငါး နေ့တိုင်းသယ်ပို့နေသော ဒေသခံကား ၁၀ စီး၊ ထော်လာဂျီ ၂၀ စီး နေ့စဉ်သွားလာ အသုံးပြုနေသော လမ်းလည်း ဖြစ်ပါ သည်။

အဆိုပါ ကျေးရွာချင်းဆက် လမ်း များတွင် ကွန်ကရစ်လမ်းအဖြစ် အသုံး ပြုနေရသည်မှာ အနည်းငယ်သာ ရှိပြီး လမ်းပိုင်းနေရာ အချို့မှာလည်း ဆိုး ဆိုးဝါးဝါး ပျက်စီးနေသည့်အတွက် ကွန်ကရစ်လမ်းအဖြစ်(သို့မဟုတ်) ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ပေးကြပါရန် ဒေသခံပြည်သူ များနှင့် ကျောင်းသား၊ ကျောင်းသူများက မျှော်လင့်လျက်ရှိကြောင်း အယ်ဒီတာ့ထံ ပေးစာ ကဏ္ဍမှ တဆင့် တင်ပြအပ် ပါသည်။
လမ်းပြင်ပေးစေလိုသူများ