ဖမ်းမိလှေများ ထိန်းသိမ်းရန် နေရာ သီးသန့်မရှိ

0
382

ကော့သောင်းဒေသအတွင်း ဖမ်းမိ သည့် ငါးဖမ်းလှေများကို ရေရှည်ထိန်း ထိမ်းထားရန် နေရာသီးသန့် မရှိကြောင်း ကော့သောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီး ဌာနထံမှ သိရသည်။လက်ရှိတွင် ဖမ်းမိလှေများကို ရွှေ ဟင်္သာရပ်ကွက် ကမ်းနီးငါးဂိုဒေါင် ရှေ့တွင် ယာယီထိန်းသိမ်းထား ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
” ကမ်းနီးက ကုမ္ပဏီတွေဆီကနေ အကူအညီတောင်းထားပြီး ယာယီထိန်း သိမ်းလာရတာ ဒီနေ့အထိဆိုပါတော့” ဟု ကော့သောင်းမြို့နယ် ငါးလုပ်ငန်း ဦးဌာန ဦးစီးမှူး ဦးအောင်နိုင်က ဆို သည်။

သီးခြားနေရာဖြင့် ထားရန်လည်း အစီအစဉ် မရှိသေးသည့်အတွက် လက်ရှိ ထားနေသည့် ကမ်းနီးဂိုဒေါင်တွင်ရှိ သည့် အေးဂျင့် ကုမ္ပဏီများတွင် အကူ အညီတောင်းကာ ထားနေရဦးမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။” ဖမ်းဆီးလှေတွေက ထိန်းသိမ်း စောင့်ရှောက်တဲ့ လူမရှိတော့ ပျက်စီး ဆုံးရှုံးတာ များတယ် ၊ ဒီအတိုင်းပစ် မထားဘဲ အမှုကို မြန်မြန်ဖြတ်ပြီး လေလံပေးစရာရှိ ပေးရင်တော့ နိုင်ငံ တော်အတွက်လည်း အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်” ဟု ကမ်းနီးငါးဂိုဒေါင်ရှိ ကုမ္ပဏီ တစ်ခု၏ မန်နေဂျင်းဒါရိုက်တာ မှတ်ချက်ပြုသည်။

အဆိုပါလှေများ အသုံးမပြုဘဲ ပစ်ထားခြင်းကြောင့် အချို့လှေများမှာ အမှု မပြီးပြတ်မီ ပျက်စီးယိုယွင်းသွားလေ့ရှိကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ဖမ်းမိလှေများကို တစ်နှစ်တစ်ကြိမ် လေလံစနစ်ဖြင့် ပြန်လည်ရောင်းချလေ့ ရှိပြီး လက်ရှိတွင် ကော့သောင်းခရိုင်တွင် လေလံစနစ်ဖြင့် ရောင်းမည့် သိမ်းဆည်း လှေ အစီး ၃၀ခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆/၁၇ ဘဏ္ဍာ ရေးနှစ်က တရားမဝင်လှေ ၃၆ စီး ဖမ်းဆီးမိခဲ့ပြီး ယင်းတို့အနက် ထိုင်း နိုင်ငံသားပိုင်လှေ ၁၂ စီး ပါဝင်သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စက်တင်ဘာလအထိ ကမ်းဝေးငါးခိုး ဖမ်းလှေ ၁၁ စီးဖမ်းမိခဲ့ပြီး ထိုင်းနိုင်ငံ သားပိုင် လှေ ၆ စီး ပါဝင်သည်။