ကော့သောင်း ပင်လယ်ရွာများတွင် မူးယစ်ဆေး ခပ်စိပ်စပ် ဖမ်းမိ

0
357

ကော့သောင်းမြို့နယ်အတွင်းက မြို့ပြနှင့် အလှမ်းဝေးသည့် ပင်လယ်ရွာ များတွင် မူးယစ်ဆေးများ ခပ်စိပ်စိပ် ဖမ်းမိလာကြောင်း ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။အောက်တိုဘာ ၂၀ရက်က မကြုံကလက် ကျေးရွာတွင် အမျိုးသမီး ၂ ဦး၊ စူငယ်ပါလိုင်းကျေးရွာတွင် အမျိုးသား ၁ ဦးတို့အား မူးယစ်ဆေးဝါ များနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု အထက်ပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမျိုးသားကို အလေးချိန် ၉၀ ဂရမ်ခန့်ပါ ဘိန်းစာမှုန့် ၂၁၈ ထုတ် နှင့်အတူ ဖမ်းမိခဲ့ပြီး အမျိုးသမီးနှစ်ဦးထံမှ အလေးချိန် ၉၀ ဂရမ်ခန့်ပါ ဘိန်းစာမှုန့် ၂၃၁ ထုပ်နှင့် WY ဆေးပြား ရှစ်ပြား ဖမ်းမိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့၏ မှတ် တမ်းအရ သိရသည်။အောက်တိုဘာလ ၂၁ ရက်တွင် လည်း ငါးဖမ်းစက်လှေများထံသို့ မူးယစ်ဆေးဝါး လိုက်လံရောင်းချနေသူ အမျိုးသားနှစ်ဦးကို WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၅၅ ပြား၊ ဘိန်းစာမှုန့် ၁၂၂ ထုပ်၊ မြန်မာငွေ ၂၀၉၀၀၀ ကျပ်နှင့် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၄၂၀ ဘတ်တို့နှင့်အတူ ပင်လယ်ပြင် အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ် တမ်းတွင် ဖော်ပြသည်။

အောက်တိုဘာ ၂၃ ရက်တွင်မူ ဆယ်မိုင်ကျေးရွာအုပ်စု တာညုံပါဒ ကျေးရွာတွင် အမျိုးသမီး တစ်ဦးထံမှ WY ဆေးပြား တစ်ပြား၊ မူးယစ်ဆေး ဝါးရောင်းချရငွေ သိန်း ၂၀ ကျပ်၊ ဘတ်ငွေ ၄၀၈၇၀ ဘတ် နှင့် လက်လုပ် ယမ်းထောင်း သေနတ် တစ်လက်တို့အား နေအိမ်အတွင်းမှ ရှာဖွေ သိမ်းဆည်းရမိ ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပင်လယ်ပြင် ငါးဖမ်းစက်လှေ များသို့ လှည့်လည်ဖြန့်ဖြူး ရောင်းချ နေသည့် မူးယစ်ဆေး ရောင်းဝယ်ဖြန့် ဖြူးနေသူများကို စုံစမ်းဖော်ထုတ်ကာ မြေပြင်အထိ သွားရောက် ဖမ်းဆီမှုများ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ရဲတပ် ဖွဲ့ထံမှ သိရသည်။