ထားဝယ် နိုင်ငံကူးလက်မှတ်ရုံး မျက်ကြည်လွှာ ပုံရိပ်ဖတ်သည့် စနစ် စသုံး

0
475

ထားဝယ်တွင် နိုင်ငံကူးလက်မှတ် များကို မျက်ကြည်လွှာ ပုံရိပ်ဖတ်သည့် စနစ်ဖြင့် လာမည့်အပတ်တွင် စတင် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (ထားဝယ်)ထံမှ သိရသည်။

လက်ရှိအချိန်တွင် လက်မ နှစ်ချောင်း ကို စကင်ဖတ်ခြင်းနှင့် အခြား စစ်ဆေး ခြင်း၊ မှတ်တမ်းတင်ခြင်းသာ လုပ်ဆောင် နေပြီး လာမည့်အပတ်မှ စတင်ကာ မျက်ကြည် လွှာပုံရိပ်ဖတ်ခြင်း နှင့် လက် ၁၀ ချောင်းစလုံးကို စကင် ဖတ်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (ထားဝယ်)မှ ရဲအုပ် ဝင်းသက်အောင်က ဆိုသည်။

” မျက်ကြည်လွှာကို စကင်ဖတ်တာ ဖြစ်တဲ့အတွက် မှတ်တမ်းတွေက ပိုတိ ကျလာတယ်” ဟု ရဲအုပ် ဝင်းသက်အောင် က ပြောသည်။မြန်မာနိုင်ငံအတွင်း အခြား ပြည်နယ်/ တိုင်းအချို့တွင်လည်း ယင်းစနစ်ကို သုံးစွဲ နေပြီဖြစ်သည်။ ကော့သောင်းတွင်လည်း နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲကို ပြီးခဲ့သည့် စက်တင်ဘာလက စတင် ဖွင့်လှစ်ခဲ့ပြီး မျက်ကြည်လွှာ ပုံရိပ် ဖတ်သည့် စနစ်ကို အသုံးပြုလျက်ရှိသည်။